မန္တလေးမြို့တွင် နှစ်သစ်ကိုကြိုဆိုသည့် လူမဲ့သပိတ်ဆန္ဒထုတ်ဖော်

မန္တလေးမြို့တွင် နှစ်သစ်ကိုကြိုဆိုသည့် လူမဲ့သပိတ်ဆန္ဒထုတ်ဖော်

ဒီဇင်ဘာ ၃၁

မန္တလေးမြို့တွင် ယနေ့ ဒီဇင်ဘာလ ၃၀ရက် နံနက်ပိုင်းက နှစ်သစ်ကို ကြိုဆိုသော ပုံရိပ်တစ်ခုအဖြစ် တော်လှန်ရေးအင်အားစုများက လူမဲ့သပိတ်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။

မန္တလေးမြို့ ၃၈ လမ်းနှင့် ၇၄ လမ်းထောင့်အနီးပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါလူမဲ့သပိတ်၌ “ပြည်သူများ(လုံး၀)မထိရ” စာသားပါအန္တရာယ်သတိပေး ချက်နှင့်အတူ “စစ်ခွေး ရဲခွေး ဘယ်ကောင်သေရဲလဲ”၊ “ငါတို့အမဲလိုက်မယ့်အလှည့်ရောက်ပြီ”၊ “သွေးကြွေးမှာဆွေးနွေးစရာမရှိ” “ဘယ်တော့မှသွေးမကွဲမယ့် NUG PDF & UG” အစရှိသည့်စာသားပါဆိုင်းဘုတ်များပါ၀င်သည်ကိုတွေ့ရသည်။

အဆိုပါလူမဲ့သပိတ်ဆန္ဒပြလှုပ်ရှားမှုတွင် နွေဦးတော်လှန်ရေးလက်ကမ်းစာရွက်များလည်း ဖြန့်ကြဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly