ပုသိမ်မြို့ ကုသိနာရုံ ဘုရားအနီး အင်ကြင်းမြိုင် တန်းလျားတွင် မီးလောင်

ပုသိမ်မြို့ ကုသိနာရုံ ဘုရားအနီး အင်ကြင်းမြိုင် တန်းလျားတွင် မီးလောင်

ဒီဇင်ဘာလ ၃၀ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၈) ရပ်ကွက်၊ ကုသိနာရုံ ဘုရားအနီးရှိ အင်ကြင်းမြိုင် တန်းလျားတွင် ယနေ့ ဒီဇင်ဘာလ ၃၀ ရက် နေ့လည် ၁၂ နာရီ မိနစ် ၃၀ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"အင်ကြင်းမြိုင် တန်းလျားမှာရှိတဲ့ ABC စတစ်ကာဆိုင် ဘေးအခန်းက စလောင်တာပါ၊ ဘာကြောင့် လောင်တယ် ဆိုတာတော့ မသိရသေးဘူး။ မီးတော့ ငြိမ်းသွားပြီ" ဟု ဒေသခံ တစ်ဦးက ပြောသည်။

မီးသတ်တပ်ဖွဲ့များနှင့် ပရဟိတအဖွဲ့ ရေကားများဖြင့် ငြိမ်းသတ်မှုကြောင့် မီးငြိမ်းသွားပြီဟု သိရပြီး မီးစတင် လောင်ကျွမ်းမှု ဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှု အတိအကျကိုမူ မသိရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required