ပါကစ္စတန်က ဘင်္ဂလားဒေ့ရှ်သံတမန်အား နှင်ထုတ် လက်စားခြေသည့် လုပ်ရပ်ဖြစ်ဖွယ်ရှိ

ပါကစ္စတန်က ဘင်္ဂလားဒေ့ရှ်သံတမန်အား နှင်ထုတ် လက်စားခြေသည့် လုပ်ရပ်ဖြစ်ဖွယ်ရှိ

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ - ၇ ။            ။ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်အရ ၎င်း၏ အကြီးတန်းသံတမန် မူရှူမီ ရာမန်းကို ပြန်ခေါ်ရန် ပါကစ္စတန်က ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုခဲ့ရာ ပြီးခဲ့သည့်လက ပါကစ္စတန်သံတမန်ကို ပြန်ခေါ်ရန် ဒါကာက အစ္စလာမ်မာဘတ်ကို တောင်းဆိုခဲ့သည့်အတွက် လက်စားခြေသည့်လုပ်ရပ် ဖြစ်ဖွယ်ရှိသည်။

သို့ရာတွင် နိုင်ငံခြားရေးတွင် အကဲဆတ်သည့် သဘာဝအရ နာမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသည့် အရာရှိက အသေးစိတ်ကိုမူ ဖွင့်ဟပြောကြားခြင်းမရှိပေ။

ဒါကာမှ နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိ ရှာရီရာ အလမ်ကမူ ရာမန်းကို ၄၈နာရီအတွင်း ပါကစ္စတန်မှ ထွက်ခွာသွားရန် တောင်းဆိုထားကြောင်း အတည်ပြုခဲ့သည်။ ရာမန်းမှာ ပေါ်တူဂီ၊ လစ္စဘွန်းမှ ဘင်္ဂလားဒေ့ရှ်သံရုံးသို့ ရောရှိဖွယ်ရှိသည်ဟု ဆိုသည်။

စစ်သွေးကြွအုပ်စုများကို ရံပုံငွေထောက်ပံ့မှုတွင် ပါဝင်ပတ်သက်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ၎င်း၏ သံတမန် ဖာရီးနာ အာရှတ်ကို ရုပ်သိမ်းရန် ဘင်္ဂလားဒေ့ရှ်က ပါကစ္စတန်အား တောင်းဆိုပြီး ရက်သတ္တ နှစ်ပတ်အကြာတွင် ယခုကဲ့သို့ ပါကစ္စတန်က ဘင်္ဂလားဒေ့ရှ်သံတမန်အား နှင်ထုတ်မှု ပေါ်ပေါက်လာခဲ့ခြင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly