ကက်ရှ်မီးယားဒေသ ဆိုပိုရေးမြို့မှ အင်ဂျင်နီယာကျောင်းသားတစ်ဦးက ကျန်းမာရေးအခြေအနေ ခန့်မှန်းသည့် အပလီကေးရှင်းကို ဖန်တီး

By India Blooms News Service
27 December 2021
ကက်ရှ်မီးယားဒေသ ဆိုပိုရေးမြို့မှ အင်ဂျင်နီယာကျောင်းသားတစ်ဦးက ကျန်းမာရေးအခြေအနေ ခန့်မှန်းသည့် အပလီကေးရှင်းကို ဖန်တီး

အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားမြောက်ပိုင်းဒေသရှိ ဆိုပိုရေးမြို့မှ အီရှာဖက်အာမက်ဝန်နီဆိုသူ အင်ဂျင်နီယာကျောင်းသားတစ်ဦးက ကျန်းမာရေးအခြေအနေကို ခန့်မှန်းနိုင်သည့် “Smart Health Prediction System” ဆိုသော အပလီကေးရှင်းတစ်ခုကို သူ၏ ဘွဲ့ယူလက်တွေ့ဆောင်ရွက်ချက်အဖြစ် ဖန်တီးလိုက်သည်။

အပလီကေးရှင်းဖြင့် လူများသည် ကျန်းမာရေးအတွက် ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲနိုင်စေသလို အနီးဆုံး ကျန်းမာရေးစောင့်ရှောက်သူများနှင့်လည်း ချိတ်ဆက်ပေးမည်ဖြစ်သည်။

ဝန်နီက ယခုကဲ့သို့ ဖန်တီးထုတ်လုပ်နိုင်ခြင်းအတွက် ဂျမူးမြို့ရှိ ဘာဂဝါ အင်ဂျင်နီယာနှင့် နည်းပညာကောလိပ်မှ သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကျန်းမာရေးခန့်မှန်းသည့် အပလီကေးရှင်းသည် အွန်လိုင်းမှ ဝန်ဆောင်မှုစနစ်တစ်ခုဖြစ်ကာ ရောဂါလက္ခဏာများ၊ ရောဂါများ၊ ဆက်စပ်သည့် အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများအပါအဝင် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ဖော်ပြသွားမည်ဖြစ်သည်။

“နေမကောင်းသူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ မရယူနိုင်ကြပါဘူး။ အခု အပလီကေးရှင်းကတော့ လူနာတွေအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အကြုဉာဏ်များနှင့် လမ်းညွှန်ချက်များကို မှတ်ပုံတင်ထားသည့် ဆရာဝန်များထံမှ ရယူနိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုပိုရေးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly