စီးပွားရေးကျဆင်းမှုသည် တရုတ်ဗဟိုဘဏ်အတွက် စမ်းသပ်ခံရမှု ဖြစ်နေ

စီးပွားရေးကျဆင်းမှုသည် တရုတ်ဗဟိုဘဏ်အတွက် စမ်းသပ်ခံရမှု ဖြစ်နေ

တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုသည် ယခုနှစ် ဒုတိယနှစ်ဝက်တွင် သိသာလာခဲ့ရာ ဗဟိုဘဏ်၏မူဝါဒကို စမ်းသပ်မှု ဖြစ်ပေါ်စေပြီး စီးပွားရေးထပ်မံကျဆင်းမှုကို ရှောင်ရှားနိုင်ရေး ပိုမိုပြင်းထန်သော အရေးယူဆောင်ရွက်မှုများ လိုအပ်မည်လားဟူသော အယူအဆနှင့်ပတ်သက်၍ စီးပွားရေးပညာရှင်များကို သဘောထားကွဲလွဲစေခဲ့သည်။

တရုတ်ပြည်သူ့ဘဏ်သည် စီးပွားရေးဆိုင်ရာ ဘေးအန္တရာယ်များစွာကို ကိုင်တွယ်နေရပြီး မူဝါဒကို ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်နေသည်။ တိုးတက်မှုသည် ၁၉၉၀ ခုနှစ်နောက်ပိုင်း မတွေ့မြင်ခဲ့ရသည့် အနိမ့်ဆုံးသို့ ဦးတည်နေသည်။

နိုင်ငံတော်ကောင်စီဖြစ်သည့် တရုတ်ကက်ဘိနက်အဖွဲ့က PBOC နှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များသည် အသေးစားလုပ်ငန်းများ၏ ငွေဖြစ်လွယ်မှုကို မြှင့်တင်ရန် အမျိုးမျိုးသော ငွေကြေးလက်နက်များကို အသုံးပြုသင့်သည်ဟု ပြောကြားသည်။

ဝန်ကြီးချုပ် လီခဲ့ချန်က စီးပွားရေးသည် "ဖိအားအသစ်" နှင့်ရင်ဆိုင်နေရကြောင်းဖော်ပြသည့် သဘောထားများကို သံယောင်လိုက်ကာပြောဆိုပြီး အသေးစားလုပ်ငန်းများကို ပံ့ပိုးပေးရေးအတွက် အာရုံစိုက်ရန် အလေးအနက်ပြောကြားခဲ့သည်။

စီးပွားရေးပြဿနာများသည် ဖွဲ့စည်းပုံအရဖြစ်ပြီး ကြီးကြီးမားမား ဖြေလျှော့မှုသည် ဖောင်းပွမှုကို ဖြစ်စေရုံသာမက အိမ်ခြံမြေဈေးကွက်ကို ပြုပြင်ရန် အာဏာပိုင်များ၏ ကြိုးပမ်းအားထုတ်မှုကို ပိုမိုထိခိုက်စေသည်ဟု လေ့လာသူအများအပြားက ထောက်ပြကြသည်။

PBOC သည် ဒေါ်လာကြွေးမြီများစွာရှိသည့် အိမ်ခြံမြေလုပ်ငန်းရှင်များအား ဒေါ်လာတိုက်ရိုက် ထုတ်ချေးပေးရန် ကြီးမားသောအမေရိကန်ဒေါ်လာအပ်ငွေများရှိသည့် ဘဏ်များအား တွန်းအားပေးနေခြင်းသည် ပြည်ပချေးငွေဈေးကွက်တွင်အကြွေးပေးရန်ပျက်ကွက်မှုအန္တရာယ်ကို တားဆီးနိုင်ပေလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly