လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သည့် ကမ္ဘာ့နိုင်ငံများ၏ စွပ်စွဲမှုများကို လျှော့ချရန် တရုတ်က အွန်လိုင်းလှုပ်ရှားမှုပြုလုပ်

လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သည့် ကမ္ဘာ့နိုင်ငံများ၏ စွပ်စွဲမှုများကို လျှော့ချရန် တရုတ်က အွန်လိုင်းလှုပ်ရှားမှုပြုလုပ်

လူ့အခွင့်အရေးချိုးဖောက်မှုများအတွက်ကမ္ဘာ့နိုင်ငံများမှ စွပ်စွဲမှုများကို လျှော့ချရန် တရုတ်နိုင်ငံသည် အလိုအလျောက်ပို့စ်များကို ဖန်တီးပြီးအွန်လိုင်းအသုံးပြုသူကိုခြေရာခံရန်ခက်ခဲသော လူအစားထိုး ကွန်ရက် အသွင်ယူလျက် ကမ္ဘာ့အနှံ့လှုပ်ရှားမှကို စတင်လုပ်ဆောင်လျက်ရှိသည်။

တရုတ်တာဝန်ရှိသူများသည် လိုအပ်သလောက်အကြောင်းအရာများထုတ်လုပ်ရန်၊ follower များကိုဆွဲဆောင်ရန်၊ ဝေဖန်သူများကို ခြေရာခံရန်နှင့် သတင်းလှုံ့ဆော်မှုများအတွက် အခြားဝန်ဆောင်မှုများ ပေးဆောင်ရန် ပုဂ္ဂလိကလုပ်ငန်းများကို မည်သို့ကိုင်တွယ်ကြောင်း The New York Times သတင်းစာ လေ့လာသုံးသပ်ချက်ကို ဖော်ထုတ်ရေးသားထားသည်။ အဆိုပါလုပ်ဆောင်ချက်ကိုFacebook နှင့် Twitter ကဲ့သို့သော နိုင်ငံတကာအဆင့် လူမှုမီဒီယာ စာမျက်နှာများတွင် ပိုမိုတွေ့ရသည်။

တာဝန်ရှိသူများသည် ၎င်းတို့လုပ်ဆောင်ချက်ကို ပြည်တွင်းလူမှုမီဒီယာများနှင့် လိုက်လျောညီထွေဖြစ်အောင် နည်းပညာဆိုင်ရာကန်ထရိုက်တာများကို မှီခိုအားထားနေကာ ဆင်ဆာဖြတ်တောက်ခြင်းနှင့် ပြည်တွင်း၌ပို့စ်အတုများ ဖြန့်ဝေခြင်းများမှတစ်ဆင့် အများပြည်သူဆိုင်ရာထင်မြင်ချက်ကိုတက်ကြွစွာ

ပုံဖော်ကြသည်။ မကြာသေးမီကပင် တာဝန်ရှိသူများနှင့် အယူအဆစီမံခန့်ခွဲမှုအဖွဲ့သည်တရုတ်နိုင်ငံပြင်ပသို့ အာရုံစိုက်လာခဲ့ကြောင်း New York Times က ဖော်ပြခဲ့သည်။

ရှန်ဟိုင်းရဲတပ်ဖွဲ့သည် Twitter၊ Facebook နှင့် အခြားသော လူသုံးများသည့် လူမှုမီဒီယာ ပလက်ဖောင်းများတွင် အကောင့်အတု ရာနှင့်ချီဖန်တီးရန် လုပ်ဆောင်နေသည်။

ရှန်ဟိုင်းရဲတပ်ဖွဲ့ကဝယ်လိုသည့် အလိုအလောက်ဆော့ဖ်ဝဲလ်ကဲ့သို့သောအကောင့်ကွန်ရက်များသည် ပြီးခဲ့သော၂နှစ်အတွင်း တရုတ်ကို လက်ခံသည့်အသွင်ဖြင့် အွန်လိုင်းတွင်များပြားလာခဲ့သည်။

အဆိုပါကွန်ရက်များမှ ဆိုရှယ်မီဒီယာပို့စ်များသည် အစိုးရအကောင့်များကို like များပေးခြင်းသို့မဟုတ် ပြန်လည်တင်ခြင်းဖြင့်ပုံရိပ်မြှင့်တင်ပေးခြင်းတို့ကို ပြုလုပ်သည်။ အခြားအချိန်များတွင်လည်း အဆိုပါအကောင့်များသည်အစိုးရမူဝါဒများကို ဝေဖန်သည့် ဆိုရှယ်မီဒီယာအသုံးပြုသူများကို တိုက်ခိုက်ကြသည်။

မကြာသေးမီက Facebook သည် ဝီလ်ဆင်အက်ဒဝပ် အမည်ရှိ ဆွစ်ဇာလန်ဇီဝဗေဒပညာရှင်တစ်ဦး၏ မှတ်ချက်များဖြန့်ဝေရန်အသုံးပြုသည့်အကောင့်ပေါင်း ၅၀၀ကို ဖြုတ်ချခဲ့သည်။ Wilson Edwards ဆိုသူမှာ COVID-19 ကပ်ရောဂါ၏ဇစ်မြစ်ကို ခြေရာခံသောကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကြိုးပမ်းမှုများကို အမေရိကန်က ဝင်ရောက်စွက်ဖက်နေသည်ဟု ရေးသားခဲ့သူဖြစ်သည်။

ပေကျင်းရှိဆွစ်ဇာလန်သံရုံးက ဝီလ်ဆင်အက်ဒ်ဝပ်သည်တကယ်မရှိကြောင်းပြောကြားခဲ့သော်လည်း တရုတ်အစိုးရမီဒီယာက အဆိုပါသိပ္ပံပညာရှင်အတု၏ စွပ်စွဲပြောဆိုချက်များကို ကိုးကားကြောင်း The New York Times က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly