၀ီဂါလူမျိုးများ ဂျီဟတ်ဝါဒီများနှင့် ပူးပေါင်းလာမည်ကို အင်ဒိုနီးရှားက တရုတ်နှင့် လက်တွဲဖြေရှင်း

၀ီဂါလူမျိုးများ ဂျီဟတ်ဝါဒီများနှင့် ပူးပေါင်းလာမည်ကို အင်ဒိုနီးရှားက တရုတ်နှင့် လက်တွဲဖြေရှင်း

ဂျကာတာ၊ ဇန်နဝါရီ ၇ ။            ။ ကမ္ဘာ့မွတ်စလင်ဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံတွင်းက ဂျီဟတ်ဝါဒီများနှင့် ဝီဂါလူမျိုးများ လာရောက်ပူးပေါင်းခြင်းများကို တားဆီးကာကွယ်ရန် တရုတ်အာဏာပိုင်များနှင့် အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း အင်ဒိုနီးရှားအကြမ်းဖက်နှိမ်နှင်းရေးအကြီးအကဲက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံအတွင်း အိုင်အက်စ်သစ္စာခံများ၏ တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည်ဟူသော စိုးရိမ်မှုများ မြင့်တက်နေခြင်း၊ ဂျာဗားကျွန်းတွင် အကြမ်းဖက်မှုဆက်နွှယ် လူ ၁၃ ဦးအား ဖမ်းဆီးမိရာတွင် ဝီဂါလူမျိုးတစ်ဦးကို အသေခံဗုံးခါးပတ်နှင့် အတူဖမ်းမိခြင်းတို့ဖြင့် စိုးရိမ်မှုများ တိုးပွားနေစဉ် ဆော့အူမန်နာဆူရှင်း၏ အထက်ပါ မှတ်ချက်စကား ပေါ်ထွက်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ရှင့်ကျန်းဒေသမှ ဝီဂါတိုင်းရင်းသားများက အင်ဒိုနီးရှားစစ်သွေးကြွကွန်ရက်တွင် ပါဝင်လာနေပြီး ယင်းအရေးသည် တရုတ်အတွက်လည်း စိုးရိမ်စရာဖြစ်သည်။ အင်ဒိုနီးရှားတွင် ဂျီဟတ်တို့နှင့် ပူးပေါင်းခဲ့သည့် ဝီဂါများ တရုတ်နိုင်ငံအတွင်း ပြန်လည်ရောက်ရှိလာမည် အန္တရာယ်လည်း ခြိမ်းခြောက်ခံနေရသည်။

စွမ်းအင်ကြွယ်ဝရာ ရှင့်ကျန်းပြည်နယ်တွင် အစ္စလာမ်မစ်စစ်သွေးကြွများနှင့် ခွဲထွက်ရေးဝါဒီများက သူပုန်ထနေပြီး ပြီးခဲ့နှစ်များအတွင်း အကြမ်းဖက်မှုများကြောင့် ရာပေါင်းများစွာ သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly