ထိုင်းနိုင်ငံရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များအားလုံး၌ ၂၀၁၇ ခုနှစ်အကုန်တွင် ဂြိုဟ်တုအချက်ပြ ခြေရာခံစနစ် (ဂျီပီအက်စ်) တပ်ဆင်ရန် ကုန်းလမ်းပို့ဆောင်ရေးဌာနက ညွှန်ကြား ထားသည်။
သို့သော် အဆိုပါ ညွှန်ကြားချက်တွင် ဆိုင်ကယ်နောက်တွဲယာဉ် တုတ်တုတ်များ အကြုံးမဝင်ကြောင်း သိရသည်။
ထို့ပြင် ခရီးသယ်ပို့ဆောင်ရေး လုပ်ငန်းများတွင် လက်ရှိအသုံးပြုနေသည့် နှစ်ထပ်ဘတ်စ်ကားများကို လိုင်စင်သက်တမ်းတိုး ပြုလုပ်ခွင့်မပြုတော့ဘဲ လိုင်စင်သက်တမ်းကုန်ဆုံးသည်နှင့် ပြေးဆွဲမှုရပ်တန့်ရန် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အမိန့်ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံအတွင်း ယာဉ်မတော်တဆဖြစ်မှုများတွင် အဆိုပါ နှစ်ထပ်ယာဉ်များ လည်း ပါဝင်သည်။ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် နှစ်ထပ်ကား စီးရေ ၄၈၀၀ နှင့် ယင်းတို့က် ၃ ဒသမ ၆မီတာပိုမြင့်သော ၁၆၀၀၀ စီးတို့ ပြေးဆွဲလျက်ရှိရာတွင် ၃၀ ဒီဂရီစောင်း၍ မောင်းနှင်နိုင်မှသာ လိုင်စင်ရရှိသည်။
ထိုင်းနိုင်ငံသည် ခရီးသည်တင်ယာဉ်အတွက် နှစ်ထပ်ကားများကို ပြေးဆွဲခွင့်ပြုသေးသည့် တစ်ခုတည်းသော နိုင်ငံအဖြစ် ကျန်ရှိနေကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ပြောကြားသည်။