ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေးရွာအဝင်ရှိ စစ်ဆေးရေးဂိတ် ဗုံးသီးဖြင့် ပစ်ခတ်ခံရ

ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေးရွာအဝင်ရှိ စစ်ဆေးရေးဂိတ် ဗုံးသီးဖြင့် ပစ်ခတ်ခံရ

ဒီဇင်ဘာလ ၂၆ ရက်

ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းလေးရွာ အဝင်ရှိ စစ်ကောင်စီတပ်  စစ်ဆေးရေးဂိတ်ကို ယနေ့ ဒီဇင်ဘာလ ၂၆ ရက်  နံနက် ၃ နာရီ ၃၅ မိနစ်တွင် ကွမ်းခြံကုန်း ပြည်သူ့ကာကွယ်ရေးတပ် (Kungyangon-PDF) က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခဲ့သည်။ 

ကွမ်းခြံကုန်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်ဖြစ်သော တွံတေး ပြည်သူ့ကာကွယ်ရေးတပ် (Tontay- PDF) တာဝန်ရှိသူ တစ်ဦးက ယင်းဖြစ်စဉ်ကို အတည်ပြုသည်။ 

ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်သည့် အသေးစိတ်ကိုမှု လုံခြုံရေးအရ ဖြေကြားနိုင်ခြင်း မရှိဟု Tontay- PDF  တာဝန်ရှိသူက ပြောသည်။ 

“တော်ခရမ်းလေးရွာအဝင် လမ်းထိပ်က စစ်တပ် ကင်းတဲ ဒီမနက် ၃ နာရီခွဲ လောက်က ဗုံးနဲ့ အပစ် ခံရတယ်လို့တော့ ကြားတယ်။ ထိခိုက်မှု ရှိ၊ မရှိ‌တော့ မသိဘူး ” ဟု  ဒေသခံတစ်ဦးက ပြောသည်။ 

ဒီဇင်ဘာလ ၁၈ ရက်ကလည်း ကော့မှူးမြို့နယ် မီးသတ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၄၀ မမနှင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required