မန္တလေးမြို့တွင် အိမ်စီးကား ၁ စီးအောက် ပေါက်ကွဲမှုဖြစ်

မန္တလေးမြို့တွင် အိမ်စီးကား ၁ စီးအောက် ပေါက်ကွဲမှုဖြစ်

ဒီဇင်ဘာ ၂၆

မန္တလေးမြို့တွင် ယနေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းက ရပ်ကွက်အတွင်း ရပ်ထားသည့် အိမ်စီးကား တစ်စီးအောက် ပေါက်ကွဲမှုဖြစ်ခဲ့ရာ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက်၊ လမ်း ၈၀ နှင့် ၈၁ လမ်း၊ ၁၇ လမ်းနှင့် ၁၈ လမ်းကြား ရပ်ထားသည့် အိမ်စီးကား ဖောက်ခွဲခံရခြင်းဖြစ်ပြီး ယင်းကားသည် စစ်မြေပြင် ဆေးတပ်ရင်းတစ်ခုမှ စစ်ကောင်စီ တပ်ကြပ်ကြီး ၏ ကားဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကားကဝင်းအဝမှာ ရပ်ထားတာကို မိုင်းထောင်ပြီး ဖောက်ခွဲသွားတာပါ၊ မနက် ၇ နာရီကျော်လောက်က ပေါက်ကွဲမှုဖြစ်တယ်၊ ဆေးတပ်က တပ်ကြပ်ကြီး တစ်ယောက်ရဲ့ကားလို့ လောလောဆယ် သိထားတယ်၊ ကားကတစ်စီးလုံး မီးလောင် ပျက်စီးသွားတာပါ” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရှိ နေအိမ်တချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး အသက် (၆၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာအနည်းငယ် ရခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly