မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရ၍ သေဆုံးသူနှင့် ဒဏ်ရာရသူ ရှိဟုဆို

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရ၍ သေဆုံးသူနှင့် ဒဏ်ရာရသူ ရှိဟုဆို

ဒီဇင်ဘာလ ၂၅ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ယုန်ထိုးတောင်တွင် တောနင်းမည့် စစ်ကောင်စီတပ်ဖွဲ့သည် လမ်းတွင် အဝေးထိန်းစနစ် အသုံးပြုထားသည့်  ပဒေသာမိုင်းနှစ်ကြိမ်ဆွဲခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါ မိုင်းကြိုဆွဲတိုက်ခိုက်မှုမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က ယုန်ထိုးတောင်အရှေ့ဘက်လမ်းတွင် စစ်ကားနှစ်စီးအားတစ်ကြိမ်၊ ည ၁၀ နာရီက ယုန်ထိုးဆည်နားတွင်တစ်ကြိမ်  စုစုပေါင်း နှစ်ကြိမ်ပဒေသာမိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။ 

" အဲ့ဒီနေ့က မနက်တစ်ကြိမ်က စစ်ကားနှစ်စီး၊ ညတစ်ကြိမ်က ကင်းပုန်း၀ပ်နေတဲ့ကောင်တွေကိုဆွဲခဲ့တာပါ။ ပဒေသာမိုင်း လေးလုံးတွဲ မိုင်းနှစ်ဆင့် ထောင်ထားခဲ့တာ။၁၅ ကောင်သေတဲ့စာရင်းက နှစ်ကြိမ်မိုင်းဆွဲတဲ့ရလဒ်စာရင်းပါ။အလောင်းတွေကိုတော့ Light Truckကား နဲ့သယ်သွားတယ်"ဟု၎င်းကပြောသည်။ 

ယင်းဖြစ်စဉ်ဖြစ်ပြီးနောက် အဆိုပါယုန်ထိုးတောင်အနီးတစ်ဝိုက်အား စစ်ကောင်စီတပ်သား အင်အား ၂၀၀ က တောနင်း၍ တောင်ပုံကျေးရွာရှိ ‌ဒေသခံ ခြောက်ဦးအား မိုင်းရှာရာတွင် လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required