B-2  ကိုယ်ပျောက်ဗုံးကြဲလေယာဉ် ဆိုသော်လည်း Google Earth တွင် ဖမ်းယူရမိ 

B-2  ကိုယ်ပျောက်ဗုံးကြဲလေယာဉ် ဆိုသော်လည်း Google Earth တွင် ဖမ်းယူရမိ 

ဒီဇင်ဘာ ၂၅

၁၉၈၉ မှစကာ ကောင်းကင်ယံတွင် တိတ်တဆိတ် မင်းမူနေနိုင်သော B-2 ‘Spirit’ လေယာဉ်စုအတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ သုံးစွဲခဲ့ရသည်။ 

ဝိဉာဉ်တစ်ကောင်လိုမျိုး Northrop Grumman ကုမ္ပဏီက ဒီဇိုင်းထုတ်ထားသဖြင့် Spirit (စိတ်ဝိဉာဉ်) ဆိုသည့် အမည်နာမမှာ B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များအတွက် သင့်တော်လှသည့် အမည်ပဲ ဖြစ်သည်။  

သို့ရာတွင် ပင်တဂွန်၏ လက်နက်တိုက်မှ ကိုယ်ပျောက်နည်းပညာတစ်ခုမှာမူ Google Earth မှ ကြည့်ရှုခြင်း၌ ကိုယ်ယောင်မဖျောက်နိုင်ဘဲ ရှိတော့သည်။ 

YouTube ပေါ်တွင် တနင်္လာနေ့က အချိန်များစွာ ကုန်ဆုံးသူများအနေဖြင့် မစ်ဆိုရီပြည်နယ်က Whiteman Air Force စစ်အခြေစိုက်စခန်းအနီးက လယ်သမားတစ်ဦး၏ လယ်ကွင်းတွင် တင်စားရလျှင် ‘ဆေးဖျန်းသည့်သဏ္ဍာန်’ဖြင့် B-2 ကိုယ်ပျောက်လေယာဉ်ကို မြင်တွေ့ခွင့်ရကြခြင်းပင် ဖြစ်သည်။ 

ဗီဒီယိုကို တင်ဆက်သော Reddit ဝက်ဘ်ဆိုက်ပေါ်တွင် စစ်ဝါသနာအိုးများအတွက် အဆိုပါ B-2 လေယာဉ်ကို ဖမ်းယူမိသည့် ဗီဒီယိုကို အချိန်ကြာစွာ တင်ထားခြင်း မဟုတ်သော်လည်း ကြည့်ရှုမှတ်ချက်ပေးကြသူများမှာ တစ်သိန်းကျော်ထက်မနည်း ရှိခဲ့သည်။ 

တော်တော်များများ YouTube သုံးစွဲသူများက ပျံသန်း B-2 လေယာဉ်ကို မျက်မြင်တွေ့ဖူးကြောင်း ကိုယ်ပိုင်အတွေ့အကြုံများကို မှတ်ချက်ပေးကြပြီး ‘အံ့ဩထိတ်လန့်ဖွယ်’ အတွေ့အကြုံအဖြစ် မှတ်ချက်ပေးသူများလည်း ရှိသည်။ 

“အမျိုးသမီးတစ်ဦးက ‘ဂြိုဟ်သားတွေ’ ဆိုပြီး အော်လိုက်ချိန် ကြည့်မိတော့ ဘာများလဲပေါ့”ဟု ShuantheSheep3 ဆိုသည့် အသုံးပြုသူက ရေးသားသည်။ “အနီးနားမှာ လေကြောင်းပြပွဲလည်း ရှိတာကြောင့် တွေ့ရတဲ့အရာထဲက တစ်ခုကတော့ ခေါင်းပေါ်ကနေ တိတ်ဆိတ်လွန်းစွာ ဖြည်းဖြည်းပျံသွားတာပါပဲ၊ ပြည်သူတွေအနေနဲ့ ကိုယ်အစိုးရရဲ့ လက်နက်တိုက်မှာ ဘာတွေ ရှိနေလဲဆိုတာ မသိရဘူးလေ”ဟု ၎င်းက ရေးသားသည်။ 

နှစ် သုံးဆယ်ကြာ သက်တမ်းရှိနေပြီဖြစ်သည့် B-2 လေယာဉ်သည် သေမင်းတမန်ဆိုသော ဂုဏ်ဒြပ်ကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။ YouTube သုံးစွဲသူများက ဆေးဖျန်းလေယာဉ်ဖြင့် နှိုင်းယှဉ်သော ယခု တွေ့ရသည့် B-2 လေယာဉ်သည် အမှန်တကယ် အသံတိတ်ဆိတ်သော်လည်း အန္တရာယ်ကြီးသည့် အရာသာ ဖြစ်သည်။ 

“ယူဂိုစလားဗီးယားအား နေတိုးအဖွဲ့ ဗုံးကြဲခဲ့တဲ့ Operation Allied Force စစ်ဆင်ရေးရဲ့ အထင်ကရ ပွဲဦးထွက်တိုက်ပွဲမှာ ဒီ B-2 ကိုယ်ပျောက်လေယာဉ်ဟာ မစ်ရှင်တစ်ခုလုံးစာရဲ့ ၁ ရာခိုင်နှုန်းတောင် မရှိဘဲ ပျံသန်းခဲ့တာပေမယ့် စစ်ပွဲ ပထမ ရှစ်ပတ်အတွင်းမှာ ပစ်မှတ်တွေရဲ့ ၃၃ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်ခဲ့တာ ဖြစ်တယ်”ဟု Northrop Grumman ကုမ္ပဏီအရ သိရသည်။ 

“B-2 လေယာဉ်တွေဟာ ၂၀၀၁ ခုနှစ်ကလည်း ၄၄ နာရီကြာ လေကြောင်းတိုက်ပွဲကို စံချိန်တင် တိုက်ခိုက်ထားတယ်၊ ရန်သူရဲ့ နယ်မြေထဲ ထောက်လှမ်းခံရနိုင်ခြင်းမရှိဘဲ B-2 လေယာဉ်တွေဟာ ဖောက်ထွင်းနိုင်တယ်၊ ဒါကြောင့် Operation Enduring Freedom၊ Operation Iraqi Freedom၊ Operation Odyssey Dawn နဲ့ Operation Odyssey Lightning စစ်ဆင်ရေးတွေ အပါအဝင် တိုက်ပွဲအချို့ရဲ့ အဖွင့်မှာ စစ်ဆင်ရေး တာဝန်ပေးခံရတာဖြစ်တယ်”ဟု ယင်းကုမ္ပဏီအရ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly