ပါကစ္စတန်၌ ဗုံးပေါက်ကွဲမှုကြောင့် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ပါကစ္စတန်၌ ဗုံးပေါက်ကွဲမှုကြောင့် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဘဂျော်ရ် ခရိုင်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်၍ လူနှစ်ဦး သေဆုံးပြီး အခြားလူငါးဦး ထိခိုက်ဒဏ်ရာများ ရရှိသွားသည်ဟု ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဒီဇင်ဘာ ၁၉ ရက်တွင် သတင်းမီဒီယာများက ဖော်ပြသည်။

ထိုဖြစ်စဥ်တွင် နိုင်ငံရေးပါတီတစ်ခုမှ ပါတီဝင်များ လိုက်ပါလာသည့် ကားတစ်စီး ဘဂျော်ရ်ခရိုင် ကမ်မာ ဆား ဧရိယာကို ဖြတ်သန်းသွားလာခဲ့ချိန် လက်လုပ်ဖောက်ခွဲရေးပစ္စည်း (IED) တစ်ခု ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ရဲများကို ကိုးကားပြီး ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။

ယင်းနောက် လုံခြုံရေးတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များက အခင်းဖြစ်ရာနေရာသို့ သွားရောက်ခဲ့ကြပြီး ဒဏ်ရာရသူများကို အနီးအနား ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ဒဏ်ရာရသူတချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေခဲ့သည်ဟု အချို့က ပြောကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly