သာကေတမြို့နယ် သုမနလမ်းရှိ မြို့နယ်တရားရုံးတွင် ပေါက်ကွဲမှုဖြစ်

သာကေတမြို့နယ် သုမနလမ်းရှိ မြို့နယ်တရားရုံးတွင် ပေါက်ကွဲမှုဖြစ်

ဒီဇင်ဘာလ ၂၄ ရက်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ သုမနလမ်းနှင့် မြင်တောာ်သာလမ်းအနီးရှိ မြို့နယ်တရားရုံးဝန်းအတွင်း ဒီဇင်ဘာလ ၂၄ ရက် ညနေ ၆နာရီ၄၅မိနစ်က ပေါက်ကွဲမှုဖြစ်ခဲ့သည်။ 

"ရုံးနဲ့ လမ်းက ပေ ၄၀ လောက်ကွာတော့ ရုံးအထဲတော့မဝင်သွားဘူး။ ပစ္စည်းက ဝင်းထဲပဲဝင်သွားတယ်။ လူထိခိုက်မှုတော့မရှိလောက်ဘူး စိစစ်နေဆဲပါ"ဟု People Defence Force-Unity အဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

အဆိုပါပေါက်ကွဲမှုမှာ လူထိခိုက်မှုမရှိဘဲ သတိပေးသည့်အနေဖြင့်ဖောက်ခွဲ့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ 

လက်ရှိ ရန်ကုန်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိနေသည့်အတွက် ဖောက်ခွဲခြင်းဖြစ်သည်ဟု ဆိုသည်။ 

"ကျန်တော်တို့ကတော့ ဖြစ်နိုင်ရင် ပြောက်ကျားစနစ်နဲ့ မင်းအောင်လှိုင်ယာဥ် တန်းကိုတိုက်ခိုက်ချင်တာပေါ့။ ဒါပေမဲ့ လက်နက်အင်အားမရှိတော့ မလုပ်နိုင်ဘူးဗျ။ ဒါပေမဲ့ မင်းအောင်လှိုင် လာတာကိုမကျေနပ်တဲ့သဘောနဲ့တော့ ဖောက်ခွဲမှုတွေလုပ်နေပါတယ်"ဟု People Defence Force-Unity အဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း သာကေတမြို့နယ် (၇) စျေးလမ်းဆုံရှိ Mytel ရုံးတွင် ပေါက်ကွဲမှု ဖြစ်ခဲ့သေးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required