ဒုတိယအကြိမ်မြောက် အလုပ်အကိုင်ပြပွဲ Work.com.mm ကျင်းပမည်

ဒုတိယအကြိမ်မြောက် အလုပ်အကိုင်ပြပွဲ Work.com.mm ကျင်းပမည်

မြန်မာပြည်တွင်း အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး website တခုဖြစ်သော work.com.mm မှ၂၀၁၆ ခုနှစ်ဇန်နဝါရီလ ၁၆ရက် နှင့်၁၇ ရက် များတွင် MICT Park တွင် ဒုတိယအကြိမ်မြောက် အလုပ်အကိုင်ပြ ပွဲကြီးကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့ပွဲအတွက် https://www.work.com.mm/go/jobfair တွင် Pre -register ကြိုတင်စာရင်းသွင်းထားရုံဖြင့် iPhone6 တလုံးကံထူးနိုင်မည့်အခွင့်အရေး၊ နိုင်ငံတကာနှင့်   မြန်မာ့ထိပ်တန်း ကုမ္ပဏီများအား တစ်နေရာတည်းတွင်တွေ့ဆုံနိုင်မည့် အခွင့်အရေးများနှင့် အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများလည်း ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါအလုပ်အကိုင်ပြပွဲကြီးအားအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီးသက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက တက်ရောက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Work.com.mm အွန်လိုင်း အလုပ်အကိုင်ရှာဖွေရေးမှ ၂၀၁၅ခုနှစ်မေလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သော အလုပ်အကိုင်ပြပွဲကြီးသည်တက်ရောက်သူ တစ်သောင်းခွဲ တက်ရောက်ခဲ့သည့် အထိ များစွာအောင်မြင်မှုရရှိခဲ့ သည့်အားလျော်စွာလာမည့် ၂၀၁၆ခုနှစ်အတွင်းတွင်လည်း အလုပ်ရှာဖွေသူနှင့် ဝန်ထမ်းခေါ်ယူသူများ၏   တောင်းဆိုချက်အရ ဒုတိယအကြိမ်မြောက် အလုပ်အကိုင်    ပြပွဲကြီးကို ထပ်မံကျင်း ပသွား မည်ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုဒ်တာဝန်ရှိသူထံမှ သိရသည်။

work.com.mm ၏ ဌာနေအုပ်ချုပ်မှုဒါရိုက်တာ Mr.Gijs  Verheijke (ခိုက်စ် ဗဟားဆင့်) က “ကျွန်တော်တို့အနေနဲ့ပြည်သူတွေရဲ့ ယုံကြည်မှုကို အမြတ်တနိုးတန်ဖိုးထားပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အလုပ်အကိုင်နှင့် ပတ်သက်တဲ့လိုအပ်ချက်မျိုးစုံကို တပြိုင်နက်တည်းဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆိုတဲ့ရည်မှန်းချက် ပြည့်မီအောင်ဖြည့်ဆည်း ဆောင်ရွက်သွားမှာလည်းဖြစ်ပါ တယ်" ဟုပြောသည်။

လုပ်ငန်းနယ်ပယ်ပေါင်းစုံမှ အတွေ့အကြုံရှိ အလုပ်ရှာဖွေသူများအနေနှင့်လည်း နှစ်ရက်တိုင်တိုင်ကျင်းပပြုလုပ်မည့် အဆိုပါပြပွဲတွင်အပြည်ပြည်ဆိုင်ရာ ထိပ်တန်းကုမ္ပဏီကြီးများနှင့်   ပြည်တွင်း ကုမ္ပဏီကြီးများမှ  HR များနှင့် လူတွေ့မျက်နှာချင်းဆိုင် အင်တာဗျူးဖြေဆိုခွင့်ရရှိနိုင်မည့် အပြင်သက်ဆိုင်ရာ အသိပညာရှင်များမှပို့ချမည့် လုပ်ငန်းခွင်ဆိုင်ရာ ဗဟုသုတများအားမျှဝေမည့် အလုပ်ရုံဆွေးနွေးပွဲများ စကားဝိုင်းနှီးနှောဖလှယ်ပွဲများ ကိုပါ  လေ့လာနိုင်မည့် အခွင့်အရေးကို တစ်ပြိုင်နက်တည်း ရရှိနိုင်မည်ဖြစ်သည်။                         

Mr.Gijs  Verheijke (ခိုက်စ် ဗဟားဆင့်) က ''ကျွန်တော်တို့ရဲ့ အဓိကဆန္ဒကတော့ အရည်အချင်းပြည့်မီတဲ့ အလုပ်ရှာဖွေသူတွေကို သူတို့စိတ်ကူးထဲက အလုပ်အကိုင်တွေပေးအပ်နိုင်မယ့် ကုမ္ပဏီကြီးတွေနဲ့ချိတ်ဆက်ပေးဖို့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အလုပ်အကိုင်ပြပွဲကြီးကနေ ဒီနိုင်ငံရဲ့လိုအပ်ချက်ကို အပြည့်မီဆုံးစွမ်းဆောင်ပေးသွားနိုင်မယ် လို့ယုံကြည်ပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်ကြီးတွေ တွေ့ကြုံနေရတဲ့ အရည်အချင်းမီ ဝန်ထမ်းတွေ ခေါ်ယူနိုင်ရေး အခက်အခဲတွေကိုနား ထောင်ပြီးတော့လည်း အရည်ချင်းပြည့်မီတဲ့ အလုပ်ရှာဖွေနေသူတွေနဲ့ ချိတ်ဆက်ပေးနိုင်ဖို့လည်း ဒီပွဲကြီးကို ဖန်တီးပုံဖော်ခဲ့တာဖြစ်တယ်” ဟုပြောသည်။

အဆိုပါပြပွဲကြီးကို မည်သူမဆိုတက်ရောက်နိုင်မှာဖြစ်ပြီး၊ အလုပ်ရှာဖွေမည့်သူများ အနေဖြင့်မိမိတို့ရဲ့ ကိုယ်ရေးအကျဉ်းအပြည့်အစုံ   ဖော်ပြထားတဲ့ အလုပ်လျှောက်လွှာများကို တပါတည်း ယူဆောင်လာပြီး မိမိလျှောက်ထားလိုတဲ့အလုပ်အကိုင်ကို တိုက်ရိုက် လျှောက်ထားနိုင်မှာ ဖြစ်ကြောင်းလည်းသိရသည်။

ဒုတိယအကြိမ်မြောက် အလုပ်အကိုင်ပြပွဲကြီးကို MICTPark ၊လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့တွင် နံနက် ၉ နာရီမှ ညနေ ၅နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly