အားလပ်ရက်ကာလ ရောက်ရှိလာချိန်တွင် ခရီးသွားလာမှုများကို ရှောင်ရှားရန် တရုတ်အစိုးရက ဒေသခံများကို တိုက်တွန်း

24 December 2021
အားလပ်ရက်ကာလ ရောက်ရှိလာချိန်တွင် ခရီးသွားလာမှုများကို ရှောင်ရှားရန် တရုတ်အစိုးရက ဒေသခံများကို တိုက်တွန်း

တရုတ်တွင် နှစ်သစ်ကူးနှင့် နွေဦးရာသီပွဲတော်ရာသီကျရောက်လာချိန်တွင် ကိုဗစ်-၁၉ ကူးစက်မှု အများအပြားဖြစ်ပွားနေသော ဒေသများမှ ဒေသခံများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားရန် တရုတ်အစိုးရက တိုက်တွန်းထားသည်။

အန္တရာယ်များသောဝန်ထမ်းများဖြစ်သည့် အကောက်ခွန်၊ ဆေးဘက်ဆိုင်ရာနှင့် တင်သွင်းသောအအေးခန်း အစားအစာစက်ရုံမှ ဝန်ထမ်းများအပါအဝင် အန္တရာယ်များသော အလုပ်လုပ်ကိုင်ရသူများသည် ၁၄ရက်ကျော်၍ လုပ်ငန်းခွင်ပြင်ပတွင် ရောက်နေသူမဟုတ်ပါက အားလပ်ရက်များ၌ ခရီးမသွားသင့်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ပြောကြားခဲ့သည်။

ခရီးသွားများအားလုံးသည် မထွက်ခွာမီ ၄၈ နာရီ ကြိုတင်ပြီး ကိုဗစ် စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ကော်မရှင်က ဆိုသည်။

ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပရန်စီစဉ်ထားသော ပေကျင်းမြို့အပါအဝင် အန္တရာယ်များသည့် နေရာများ တွင် ကိုဗစ်ထိန်းချုပ်မှု စည်းမျဉ်းများကို တင်းကျပ်စွာ ဆက်လက်ထိန်းသိမ်းထားလိမ့်မည်ဟု ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၇ရက်တွင် ပြည်တွင်းကူးစက်သူ ၈၉ ဦးကို တွေ့ရှိခဲ့ပြီး လက်ရှိတွင် ဧရိယာ သို့မဟုတ် ရပ်ကွက် ၆၉ ခုကို အလယ်အလတ် သို့မဟုတ် ကူးစက်မှုမြင့်မားသော နေရာများအဖြစ် သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly