အမေရိကန်၏ သံခင်းတမန်ခင်းဆိုင်ရာအသုံးစရိတ် သုံးစွဲမှုတိုးမြှင့်လာသော်လည်း တရုတ်တွင် ကျဆင်း

အမေရိကန်၏ သံခင်းတမန်ခင်းဆိုင်ရာအသုံးစရိတ် သုံးစွဲမှုတိုးမြှင့်လာသော်လည်း တရုတ်တွင် ကျဆင်း

တရုတ်နိုင်ငံသည် ကမ္ဘာ့စင်မြင့်ပေါ်တွင် နိုင်ငံ၏ ရည်မှန်းချက်များ တိုးချဲ့လုပ်ဆောင်ရန် ဆွေးနွေး နေသော်လည်း ၎င်း၏ သံတမန်အသုံးစရိတ်ကို လျှော့ချလျက်ရှိသည်။

ဘတ်ဂျက်လမ်းကြောင်းသည် ၎င်း၏အဓိကပြိုင်ဘက်ဖြစ်သော အမေရိကန်၏ သုံးစွဲမှုတိုးမြှင့်လာမှုနှင့်လည်း တိုက်ဆိုင်နေကာ ကိန်းဂဏန်းများအရ တရုတ်နိုင်ငံ၏ သံခင်းတမန်ခင်းဆိုင်ရာ အသုံးစရိတ်သည် ယမန်နှစ်ကအမေရိကန်ဒေါ်လာ ၈ ဒသမ ၀၇ ဘီလီယံ ရှိပြီး ၁၆ ဒသမ ၄၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း Taiwan News သတင်းတွင် ဖော်ပြထားသည်။

ဆန့်ကျင်ဘက်အားဖြင့် အမေရိကန်ကွန်ဂရက်လွှတ်တော်သည် နိုင်ငံခြားရေးဌာနနှင့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမေရိကန်အေဂျင်စီ (USAID) အတွက် ဘတ်ဂျက် ၁၀ ရာခိုင်နှန်းတိုးမြှင့်ရေး ဘိုင်ဒင်၏ အဆိုပြုမှုကို အတည်ပြုခဲ့ကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၈ ဒသ ၅ ဘီလီယံအထိ ရှိလာခဲ့သည်။

ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ခါးပတ်လမ်း စီမံကိန်းအတွက် တရုတ်နိုင်ငံ၏ ရန်ပုံငွေသည် မကြာသေးမီ ကာလများအတွင်း နည်းပါးလာသည်။

ထို့ပြင် ၂၀၂၀ ခုနှစ်တွင် စီမံကိန်း၌ ရင်းနှီးမြှုပ်နှံမှုသည် သဘောတူညီချက်ဖျက်သိမ်းမှု၊ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပြိုလဲခြင်းကိုဖြစ်စေသော အန္တရာယ်ရှိသော စီမံကိန်းများအားလုံးကို တရုတ်အစိုးရက လိုလားတောင့်တမှု လျော့နည်းသွားခြင်းများနှင့်အတူ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ထို့ပြင် ယခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဘွဲ့ရ ၁၄၂ ဦးသာ ခေါ်ယူခဲ့ပြီး တရုတ်သံတမန်များ ခန့်အပ်မှုများလည်း လျော့ကျလာသည်။

အလားတူ ကမ္ဘာလုံးဆိုင်ရာသြဇာအာဏာကို တိုးမြှင့်ရန် တရုတ်ခေါင်းဆောင်များ၏ တွန်းအားပေးမှုမှု အကန့်အသတ်များရှိနေကြောင်း ဒေတာအချက်အလက်များက ပြသခဲ့သည်။ ပထဝီဝင်နိုင်ငံရေးအခြေအနေ ယိုယွင်းလာနေသည့်ကြားတွင် တရုတ်သံတမန်များ၏ အသုံးအနှုန်းများသည် မကြာသေးမီကာလများ အတွင်း တင်းမာလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly