ထိရောက်မှုနည်းသည့် တရုတ်၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝေဖန်မှုများနှင့် ကြုံတွေ့နေရ

ထိရောက်မှုနည်းသည့် တရုတ်၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝေဖန်မှုများနှင့် ကြုံတွေ့နေရ

တရုတ်က ၎င်း၏ ကာကွယ်ဆေးများကို လက်ခံမှု ပိုမိုများလာစေရန် လုပ်ဆောင်လိုက်သော်လည်း အဆိုပါ ဆေးများ၏ ထိရောက်မှုနှင့် ပတ်သက်၍ မေးခွန်းများ ရှိနေသည်။

Sinovac နှင့် Sonopharm တို့၏ တရုတ်၏ နာမည်ကြီး ကာကွယ်ဆေးများဖြစ်ပြီး အဆိုပါ ဆေး ၂ မျိုးစလုံးကို အခြားဆေးအမှတ်တံဆိပ်များ ရရှိနိုင်သည့် နိုင်ငံများတွင် လူကြိုက်မများကြောင်: VOA သတင်းတွင် ဖော်ပြထားသည်။

ဂျွန်ဟော့ကင်း ဆေးတက္ကသိုလ်မှ ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ အန်ဒရီရာကောက်စ်က ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် ပတ်သက်၍ အကြံပေးရာတွင် “တရုတ်ကာကွယ်ဆေးတွေက Moderna၊ Pfizer-BioNtech ၊ Ast4raZeneca ၊ Johnson & Johnson ကာကွယ်ဆေး တွေလောက်တောင် ထိရောက်မှုမရှိပါဘူး။ ဒါ့ကြောင့် အခြားဆေးတွေရရှိတဲ့ နိုင်ငံတွေမှာ တရုတ်ဆေးကို မကြိုက်ကြပါဘူး” ဟု ပြောကြားသည်။

“သိပ္ပံပညာရှင်က ဘက်တီးရီးယားတစ်မျိုးကို ယူလိုက်တယ် ဥပမာ ဗိုင်းရပ်စ်ပိုး ဆိုပါတော့။ ပြီးတော့ အသက်မဝင်အောင်လုပ်တယ် ဒါမှမဟုတ် သတ်ပစ်တယ်။ ပြီးတော့ လူတွေကို ထိုးတယ်။ ဗိုင်းရပ်စ်က အသေဖြစ်တာကြောင့် ဘယ်သူ့ကိုမှ ထိရောက်မှုမရှိဘူး။ အဲဒီဆေးထိုးထားသူက သက်ရှိဗိုင်းရပ်စ်နဲ့ ထိတွေ့တဲ့အခါ ရောဂါပိုးကူးစက်တော့တာပါပဲ” ဟု ၎င်းက ပြောကြားသည်။

Sinovac ကာကွယ်ဆေးသည် ၅၀ ရာခိုင်နှုန်း ထိရောက်မှုရှိပြီး Sinopharm ဆေး၏ ထိရောက်မှုသည် ၇၈ ရာခိုင်နှုန်းထိရောက်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။

အန္တရာယ်ကင်း၍ ထိရောက်သော ကာကွယ်များဟူ၍ အမြဲတမ်းမရှိကြောင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ မကြာခဏလက်ဆေးခြင်း၊ လေဝင်လေထွက်ကောင်းစေခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ကွာကွာနေထိုင်ခြင်းနှင့်

လူစုလူဝေးတို့ကို ရှောင်ရှားခြင်းနှင့် ကာကွယ်ဆေးများကို ထပ်ကာထပ်ကာ ထိုးခြင်းတို့ လုပ်ဆောင်သင့်ကြောင်း WHO က အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly