သာကေတမြို့နယ် ၇ စျေးလမ်းဆုံရှိ Mytel ရုံးအားဖောက်ခွဲမှုပြုလုပ်

သာကေတမြို့နယ် ၇ စျေးလမ်းဆုံရှိ Mytel ရုံးအားဖောက်ခွဲမှုပြုလုပ်

ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်း၊သာကေတမြို့နယ် ၇ စျေးလမ်းဆုံရှိ Mytel ရုံးအား ဒီဇင်ဘာလ ၂၃ရက် ညနေ၃နာရီ၅၅မိနစ်အချိန်တွင် ဖောက်ခွဲခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့ထံမှသိရသည်။

"ကျနော်တို့ ၇ စျေးလမ်းဆုံ က mytelရုံးကိုဖောက်ခွဲ ခဲ့ပါတယ်ခင်ဗျ အတွင်းပိုင်းကတော့ထိခိုက်မှုရှိပါတယ် လူထိခိုက်မှုတော့ပြန်လည်စီစစ်နေပါတယ်ဗျ၊ရှို့ပစ်နဲ့ အထဲကို ပစ်ထည့်ခဲ့တာ"ဟု People Defence Force - Unity အဖွဲ့ကပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် လူထိခိုက်မှု အခြေအနေကို မသိရသေးပဲ စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီ ရဲ့ထောက်တိုင် တွေမှန်သမျှ စစ်ကောင်စီကိုအလုပ်အကျွေးပြု နေသမျှအားလုံး ဟာကျွန်တော်တို့ပြည်သူတွေနဲ့ရန်သူပါပဲ အဲ့အတွက်ရှင်းလင်းဖို့ဝန်မလေးပါဖူးဟုလည်း၎င်းအဖွဲ့ကပြောသည်။

"ပေါက်သွားတာအိမ်နဲ့နီးနီးလေး အသံအကျယ်ကြီးပဲ၊အိမ်တောင်တုန်သွားတယ်"ဟု အနီးအနားနေ ဒေသခံတစ်ဦးကပြောသည်။

နိုဝင်ဘာလ၂၀ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly