အင်္ဂလန်တွင် နည်းပြရန်အတွက် ဘိုင်ယန်ကိုစွန့်ခွာခြင်းဟု ဂွာဒီယိုလာထုတ်ပြော

အင်္ဂလန်တွင် နည်းပြရန်အတွက် ဘိုင်ယန်ကိုစွန့်ခွာခြင်းဟု ဂွာဒီယိုလာထုတ်ပြော

ဇန်နဝါရီ ၆၊ မြူးနစ် ။             ။ အင်္ဂလန်တွင်နည်းပြအဖြစ် လုပ်ကိုင်ရန်အတွက် ဘိုင်ယန်မြူးနစ်အသင်းကို စွန့်ခွာခြင်းဖြစ်သည်ဟု ဂွာဒီယိုလာက ပြောသည်။ ဘာစီလိုနာနည်းပြဟောင်းသည် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်နှင့်စာချုပ်သက်တမ်းထပ်မတိုးတော့ကြောင်းကို မကြာသေးခင်က ကြေညာ ထားသူဖြစ်သည်။

အသက် ၄၄ နှစ်အရွယ်ရှိ ဂွာဒီယိုလာကို ပရီးမီးယားလိဂ်ကလပ်များဖြစ်သော မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့က ချိတ်ဆက် နေကြသည်။ "မြို့အသစ်တစ်ခုနဲ့ အတွေ့အကြုံလိုချင်ပြီး အင်္ဂလန်မှာ အလုပ်လုပ်ချင်ပါတယ်။ အင်္ဂလန်ကလာတဲ့ ကမ်းလှမ်းချက်တွေရထားပေမယ့် ဘယ်သူနဲ့မှတော့ လက်မှတ်မထိုးရသေးပါဘူး။

အင်္ဂလန်မှာ အလုပ်လုပ်ဖို့ အခွင့်ရေးရှိနေပါပြီ။ မှန်ကန်တဲ့အသက်အရွယ်မှာရှိနေပြီး မှန်ကန်တဲ့အပြောင်းအရွှေ့ဖြစ်မယ်လို့လည်း ယူဆပါ တယ်။ ဒါက ကျွန်တော်ဘာကြောင့်ဆုံးဖြတ်လဲဆိုတဲ့ အကြောင်းပြ ချက်ပါပဲ"ဟု ဂွာဒီယိုလာက ပြောသည်။

ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ် ရူမင်နစ်ဂီကမူ ဂွာဒီယိုလာသည် လာမည့်နှစ်တွင် မည်သည့်အသင်းသို့ပြောင်းမည်ကို သိထားပြီးဖြစ်ကြောင်း ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly