မြောက်ကိုရီးယား နျူကလီးယားဆိုက်အနီး လူလုပ်ငလျင် လှုပ်

မြောက်ကိုရီးယား နျူကလီးယားဆိုက်အနီး လူလုပ်ငလျင် လှုပ်

ပြုံယမ်း၊ ဇန်နဝါရီ ၆ ။         ။ မြောက်ကိုရီးယားနိုင်ငံက ယခင်နျူကလီးယား စမ်းသပ်ခဲ့သည့် နယ်မြေအနီးတွင် အင်အား ၅ ဒသမ ၁ ရစ်ချ်တာစကေးရှိ မြေငလျင် လှုပ်ခဲ့သည်။

ငလျင်က လူလုပ်ငလျင်ဖြစ်ပြီး နျူကလီးယားစမ်းသပ်မှုအသစ် လုပ်ဆောင်ဖွယ်ရှိကြောင်း တရုတ်နှင့် တောင်ကိုရီးယားတာဝန်ရှိသူများက ပြောသည်။

တောင်ကိုရီးယားဝန်ကြီးများက အရေးပေါ်အစည်းအဝေးကျင်းပလာရကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံတွင် ၂၀၀၆ နောက်ပိုင်း မြေအောက် နျူကလီးယားစမ်းသပ်နေရာ သုံးခုရှိထားပြီး ထိုသုံးခုစလုံးမှာ ပန်ဂျီယီဇုန်အဖြစ် ခေါ်ဝေါ်သည်။

ယခု ငလျင်လှုပ်မှုက ပန်ဂျီယီဇုန်မှ မိုင် ၃၀ ခန့်အကွာ မြေအောက် ၁၀ ကီလိုမီတာတွင် လှုပ်ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly