တရုတ်၏ နိုင်ထက်စီးနင်းပြုသော စီးပွားရေးမူဝါဒများကို စိုးရိမ်ကြောင်း ဂျီ-၇ က ထုတ်ဖော်ပြောကြား

တရုတ်၏ နိုင်ထက်စီးနင်းပြုသော စီးပွားရေးမူဝါဒများကို စိုးရိမ်ကြောင်း ဂျီ-၇ က ထုတ်ဖော်ပြောကြား

တရုတ်၏ ကြွေးမြီထောင်ချောက်သံတမန်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုများရှိနေချိန်တွင် စက်မှုထိပ်သီး ၇ နိုင်ငံ (ဂျီ-၇) အုပ်စုမှ နိုင်ငံခြားရေးဝန်ကြီးများသည် တရုတ်၏ နိုင်ထက်စီးနင်းပြုသော စီးပွားရေးမူဝါဒများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံနိုင်ငံများ၊ သြစတြေးလျ၊ တောင်ကိုရီး ယားနှင့် အိန္ဒိယတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဒီဇင်ဘာ ၁၈ရက်တွင် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဂျီ-၇ အစည်းအဝေး၏ ဒုတိယမြောက်နေ့တွင် တရုတ်မူဝါဒနှင့် ပတ်သက်ပြီး အာဆီယံနှင့် အခြားဒေသ အင်အားကြီး နိုင်ငံ ၃ နိုင်ငံနှင့် ဆွေးနွေးခဲ့ကြကြောင်း Kyodo News က သတင်းဖော်ပြခဲ့သည်။

တရုတ်က လူ့အခွင့်အရေးချိုးဖောက်နေသည့် စွပ်စွဲခံထားရသည့် ဟောင်ကောင်နှင့် ရှင်ကျန်းအခြေအနေ များ၊ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းတည်ငြိမ်မှုရရှိရေးနှင့် ပတ်သက်၍လည်း ဝန်ကြီးများသည် ဆွေးနွေးခဲ့ကြကြောင်း ဗြိတိန်နိုင်ငံ၊ လီဗာပူးမြို့တွင် ပြုလုပ်သည့် ၂ ရက်ကြာ အစည်းအဝေးပြီးနောက် ဂျီ-၇ ဥက္ကဌဖြစ်သူ ဗြိတိန်က ထုတ်ပြန်သည် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီသီတင်းပတ်အစည်းအဝေးမှာ ကျွန်မတို့ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့ နိုင်ထက်စီးနင်း ပြုမှုတဲ့ စီးပွားရေးမူဝါဒတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ထရပ်က လီဗာပူးမြို့တွင် ပြုလုပ်သည့် ဂျီ-၇ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“စိတ်တူကိုယ်တူနဲ့ လွတ်လပ်မှုကိုချစ်မြတ်နိုးတဲ့ ဒီမိုကရေစီနိုင်ငံတွေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးကုန်သွယ်မှု အခြေအနေတွေကို ကျွန်မတို့က တည်ဆောက်ချင်တာပါ” ဟု ထရပ်က ထပ်လောင်း ပြောကြားခဲ့သည်။

သီးခြားကြေညာချက်တွင် အစည်းအဝေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် တက်ရောက်ခဲ့သည့် အရှေ့တောင် အာရှ နိုင်ငံများအသင်းနှင့် ဂျီ-၇ နိုင်ငံခြားရေး ဝန်ကြီးများသည် ဒေသတွင်း ရှိရင်းစွဲအခြေအနေကို တရုတ်က စစ်ရေးနှင့် စီးပွားရေးအခြေအနေများကို ပြောင်းလဲရန် ကြိုးပမ်းမှုများကို တန်ပြန်ရန်ကြိုးပမ်းမှုအဖြစ် "အင်ဒို-ပစိဖိတ်ဒေသတွင် လွတ်လပ်ပွင့်လင်းမှုကို ထိန်းထားရင်း တူညီသော အကျိုးစီးပွားကို ဝေမျှ” ကြရန် ထပ်လောင်း အတည်ပြုခဲ့ကြသည်။

လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေးအတွက် အာဆီယံသည် အဓိကသော့ချက်ဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီက ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှုနောက်ပိုင်းတွင် တိုင်းပြည်နိုင်ငံရေး မငြိမ်မသက်ဖြစ်နေသဖြင့် စစ်တပ်အုပ်ချုပ်နေသော မြန်မာပြည်ကို အစည်းအဝေးမှ ချန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly