ဂရိနိုင်ငံတွင် လူသတ်မှုကျူးလွန်သည့် ပါကစ္စတန်နိုင်ငံသား ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

By Indiablooms
22 December 2021
ဂရိနိုင်ငံတွင် လူသတ်မှုကျူးလွန်သည့် ပါကစ္စတန်နိုင်ငံသား ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

ဂရိနိုင်ငံ ခရီတီမြို့၌ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလက တနယ်တည်းသားဖြစ်သည့် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို တူဖြင့် ထုသတ်ပြီး ရက်စက်သော လူသတ်မှုတစ်ခုကို ကျူးလွန်ထားခဲ့သော ပါကစ္စတန်နိုင်ငံသားတဦး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။

အဆိုပါ ပါကစ္စတန်အမျိုးသား လူသတ်မှုဖြင့် အပြစ်ရှိကြောင်းကို ခရီတီမြို့ အရှေ့ပိုင်း အယူခံတရားရုံးက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာသတင်းဌာန Crete Live က ဖော်ပြသည်။

ယင်းလူသတ်မှုသည် အသတ်ခံရသည့် အသက်၂၄ နှစ်အရွယ် အမျိုးသား အလုပ်လုပ်ခဲ့သည့် တိုင်မ်ပက်ကီ ဧရိယာရှိ ဖန်လုံအိမ်တစ်လုံးအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လူသတ်မှုကျူးလွန်သူ အသက် ၃၆ နှစ်အရွယ် ပါကစ္စတန်နိုင်ငံသားသည် အဆိုပါအသတ်ခံရသူကို ဖန်လုံအိမ် စိုက်ပျိုးရေးလုပ်ငန်းတွင် အလုပ်လုပ်နိုင်ရန် ဖန်လုံအိမ်ပိုင်ရှင်နှင့် မိတ်ဆက်ပေးခဲ့သူတစ်ဦးဖြစ်ကြောင်း ဂရိစီးတီးတိုင်းမ်စ်က ဖော်ပြသည်။

၎င်းသည် အပြစ်ကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီး ပုဂ္ဂိုလ်ရေး အငြင်းပွားမှုများကြောင့် ၎င်း၏ တနယ်တည်းသားကို သတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly