အိန္ဒိယ ပို့ကုန်ဝင်ငွေ ယခုနှစ်အတွင်း ဒေါ်လာ ၄၀၀ ဘီလျံ ရရှိနိုင်ကြောင်း ခန့်မှန်း

အိန္ဒိယ ပို့ကုန်ဝင်ငွေ ယခုနှစ်အတွင်း ဒေါ်လာ ၄၀၀ ဘီလျံ ရရှိနိုင်ကြောင်း ခန့်မှန်း

အိန္ဒိယမှ ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှု မြင့်တက်လာခြင်းကြောင့် လက်ရှိဘဏ္ဍာနှစ်တွင် ပို့ကုန်ဝင်ငွေ ဒေါ်လာ ဘီလျံ ၄၀၀ အထိ စံချိန်တင် မြင့်တက်လာနိုင်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ပီယွတ်ဂိုယယ်က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

ကုန်သွယ်ရေးဆိုင်ရာ ကနဦး အချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဧပြီ-နိုဝင်ဘာကာလအတွင်း အိန္ဒိယ၏ ပို့ကုန်တန်ဖိုး ဒေါ်လာ ၂၆၂ ဒသမ ၄၆ ဘီလျံရှိခဲ့ကာ ယခင်ဘဏ္ဍာနှစ်၏ အလားတူကာလက ရရှိခဲ့သော ဒေါ်လာ ၁၇၄ ဒသမ ၁၅ ဘီလျံ ရရှိကာ ၅၀ ဒသမ ၇၁ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်။

“လွန်ခဲ့သည့် ၈ လအတွင်း အိန္ဒိယရဲ့ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၃၉ ဘီလျံ ကျော်သွားပါတယ်။ လက်ရှိအချိန်ထိ ဒေါ်လာ ၂၆၂ ဘီလျံရရှိထားပြီး ယမန်နှစ် တစ်နှစ်လုံးမှာတော့ ဒေါ်လာ ၂၉၀ ဘီလျံပဲ ရရှိခဲ့ပါတယ်။ ဒါကြောင့် ၉ လမြောက်ရင် ယမန်နှစ်တစ်နှစ်လုံးရဲ့ ပမာဏကို ကျော်မှာ ဖြစ်ပြီး စံချိန်တင် ဝင်ငွေ ဒေါ်လာ ၄၀၀ ဘီလျံအထိ ရနိုင်တယ်လို့ ခန့်မှန်းပါတယ်” ဟု ဂိုယယ်က ပြောကြားသည်။

CII Partnership Summit 2021 အခမ်းအနားတွင် ဂိုယယ်က အိန္ဒိယ၏ သွင်းကုန်များသည်လည်း မြင့်တက်လာသောကြောင့် အခြားနိုင်ငံများအနေဖြင့် စီးပွားရေးချဲ့ထွင်ခြင်းနှင့် အိန္ဒိယနှင့် နိုင်ငံတကာ ကုန်သွယ်ရေးများ တိုးခဲ့နို်ငသည့် အခွင့်အလမ်းများရှိလာကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီ-နိုဝင်ဘာ ကာလအတွင်း သွင်းကုန်တန်ဖိုးသည် ၇၅ ဒသမ၃၉ ဘီလျံ မြင့်တက်ကာ ဒေါ်လာ ၃၈၄ ဒသမ ၄၄ ဘီလျံ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly