၄ နိုင်ငံ QUAD အဖွဲ့သည် လက်တွေ့ဆန်ပြီး အလွန်ထိရောက်ကောင်းမွန်ကြောင်း အိန္ဒိယဝန်ကြီး ပြောကြား

၄ နိုင်ငံ QUAD အဖွဲ့သည် လက်တွေ့ဆန်ပြီး အလွန်ထိရောက်ကောင်းမွန်ကြောင်း အိန္ဒိယဝန်ကြီး ပြောကြား

အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသည့် Quad အဖွဲ့သည် လက်တွေ့ဆန်ပြီး ထိရောက်ကောင်းမွန်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက ဒီဇင်ဘာ ၈ ရက်က ကျင်းပသည့် ‘ကမ္ဘာ့နည်းပညာဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ ၂၀၂၁’ ဆွေးနွေးပွဲတွင် ပြောကြားသည်။

အိန္ဒိယ၊ အစ္စရေး၊ ယူအေအီးနှင့် အမေရိကန်တို့အကြား စုစည်းမည့် အဖွဲ့သစ်သည်လည်း စိမ်းလန်းစိုပြေရေး နည်းပညာ၊ ဒစ်ဂျစ်တယ်နှင့် လုပ်ငန်းသစ်များကို အဓိက အာရုံစိုက်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Quad အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်တို့အကြား ကုန်သွယ်ရေးဆိုင်ရာ အပြန်အလှန် မှီခိုနေခြင်းနှင့် ပတ်သက်၍လည်း ဂျိုင်ရှန်ကာက “အဆက်အသွယ် ဖြတ်တယ်ဆိုတာ ရေပမ်းစားနေတဲ့ စကားလုံးတစ်ခုပါ။ ခက်ခဲတဲ့ စီးပွားရေးအခြေအနေကြုံရပြီဆိုရင် ဒီအခြေအနေကို ရင်ဆိုင်ရမှာပါ။ အဆက်အသွယ်ဖြတ် တောက်တယ်လို့ ပြောတာဟာ လုပ်ရတာထက် ပိုခက်ပါတယ်” ဟု ပြောကြားသည်။

အုပ်စုငယ်များတွင် ပါဝင်သည့် နို်ငငံများသည် ပိုမိုသေးငယ်၍ ပြန်လည်တိုးတက်မှု လွယ်ကူသော ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို လိုအပ်နေကြောင်းလည်း ဂျိုင်ရှန်ကာက ပြောကြားသည်။

ဒီမိုကရေစီ အားကောင်းစေရေးနှင့် မထိခိုက်စေရေးအတွက် အသုံးပြုသည့် လူမှုမီဒီယာနှင့် ဒစ်ဂျစ်တယ်ငွေကြေးတို့ကဲ့သို့ နည်းပညာအတွက် ကမ္ဘာ့စံနှုန်းများအကြောင်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားမှုကို ကိုးကား၍ ဂျိုင်ရှန်ကာက “သူက အခိုင်အမာ ပြောကြားခဲ့တာပါ။ ဒီနေ့ခေတ် နည်းပညာက ဒီမိုကရေစီအုပ်ချုပ်ရေးအတွက် အရေးပါတဲ့အရာ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘာတွေဖြစ်ဖြစ် ဂရုမစိုက်တဲ့ ဒီမိုကရေစီမျိုး၊ အုပ်ချုပ်မှုမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်” ဟု ပြောကြားသည်။

အိန္ဒိယပြင်ပသို့ နည်းပညာများ ရောက်ရှိခြင်း၊ ကမ္ဘာ့နည်းပညာဆိုင်ရာ အခြေအနေကို ဖြစ်စေသည့် အိန္ဒိယ၏ အင်ဂျင်နီယာများ၊ သိပ္ပံပညာရှင်များ ရောက်ရှိသွားခြင်းနှင့် ပတ်သက်၍ ဂျိုင်ရှန်ကာက ကမ္ဘာမှာ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု လိုအပ်ချက်တွေ မြင့်တက်နေသလို တိုးတက်မှုအတွက် နည်းပညာကို အဓိကနေရာမှာ ထားဖို့ လိုအပ်နေပါပြီ ဟုလည်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly