အိန္ဒိယဝန်ကြီးချုပ် ကူဝိတ်နိုင်ငံသို့ ဇန်နဝါရီလတွင် သွားရောက်လည်ပတ်မည်

အိန္ဒိယဝန်ကြီးချုပ် ကူဝိတ်နိုင်ငံသို့ ဇန်နဝါရီလတွင် သွားရောက်လည်ပတ်မည်

အနောက်အာရှဒေသတွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်မှုကို အတည်ပြုသည့်အနေဖြင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ဇန်နဝါရီလ ပထမပတ်အတွင်း ကူဝိတ်နိုင်ငံနှင့် အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) များသို့ သွားရောက်ရန် စီစဉ်ထားသည်။

မိုဒီ၏ ခရီးစဉ်သည် နှစ် ၄၀ အတွင်း အိန္ဒိယ ဝန်ကြီးချုပ်တစ်ဦးက ကူဝိတ်သို့ ပထမဆုံးအကြိမ် သွားရောက် ခြင်းဖြစ်သည်။ ကူဝိတ်နိုင်ငံသည် အိန္ဒိယသို့ ရေနံအများအပြားတင်သွင်းသလို အိန္ဒိယမှ ရွှေ့ပြောင်းနေထိုင်သူများကို အများဆုံး လက်ခံထားသည့် ဒေသတွင်း နိုင်ငံလည်း ဖြစ်သည်။ ကူဝိတ်တွင် အိန္ဒိယနိုင်ငံသား ၁ သန်းခန့်ရောက်ရှိနေပြီး ပြည်ပမှ အများဆုံး ရွှေ့ပြောင်းနေထိုင်သည့် အသိုင်းအဝိုင်း ဖြစ်သည်။

အိန္ဒိယသို့ ကူဝိတ်၏ ရင်းနှီးမြှုပ်နှံမှု အများအပြား ရောက်ရှိရေးနှင့် ကာကွယ်ရေးအရ မိတ်ဖက်နို်ငငံ အဖြစ် ထားရှိရေးသည် ဝန်ကြီးချုပ်မိုဒီ၏ ယခုခရီးစဉ်တွင် အဓိကျသည့်ကိစ္စရပ်များဖြစ်သည်။

၂၀၁၅ ခုနှစ်က ဝန်ကြီးချုပ်မိုဒီသည် ပင်လယ်ကွေ့ဒေသရှိ အခြား ၅ နိုင်ငံ သို့ သွားခဲ့သော်လည်း ကူဝိတ်သို့ မရောက်ရှိခဲ့ဘဲ ယခုခရီးစဉ်သည် နှစ်နို်ငငံဆက်ဆံရေးအား နောက်တစ်ဆင့် တိုးမြှင့်နိုင်ဖွယ်ရှိနေသည်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှုသည် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် နှစ် ၆၀ ပြည့်ပြီ ဖြစ်သည်။ အိန္ဒိယသည် ကူဝိတ်၏ ရှေးပဝေသဏီကပင် ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ခဲ့ပြီး အိန္ဒိယ ရူပီးငွေကို ကူဝိတ်တွင် ၁၉၆၁ ခုနှစ်အထိ အသုံးပြုနိုင်ခဲ့သည်။

အိန္ဒိယသည် ကူဝိတ်နိုင်ငံ၏ ထိပ်ဆုံး ကုန်သွယ်ဖက် ၁၀ နိုင်ငံစာရင်းတွင် အမြဲတမ်းရှိနေပြီ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်က နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆ ဒသမ ၂၇ ဘီလျံ ရှိခဲ့သည်။ အိန္ဒိယအတွက် လိုအပ်သည့် ရေနံစိမ်းနှင့် ဓာတ်ငွေ့ရည်များကို ကူဝိတ်နိုင်ငံမှ အဓိက ဝယ်ယူလျက်ရှိသည်။

အိန္ဒိယတွင် ကူဝိတ်နို်ငငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှုမှာ လက်ရှိအချိန်တွင် ဒေါ်လာ ၅ ဒသမ ၅ ဘီလျံရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly