တရုတ်က မြောက်ကိုရီးယားနယ်စပ်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်

တရုတ်က မြောက်ကိုရီးယားနယ်စပ်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်

တရုတ်နိုင်ငံသည် လျောင်းနင်းပြည်နယ်တွင် မြောက်ကိုရီးယားနှင့်နယ်စပ်များတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ထားသည်။

အဆိုပါ ပြည်နယ်သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး စောင့်ကြည့်ရေးကင်းစခန်းများကို ထားရှိရန်၊ လျှပ်စစ်စနစ်များ ပြုပြင်မွမ်းမံရန်နှင့် နေ့စဉ်ထိန်းသိမ်းမှုလုပ်ဆောင်ရန် လာမည့်လများအတွင်း မြောက်ကိုရီးယားသို့ ဆက်သွယ်ထားသည့် အသုံးမပြုသည်မှာကြာပြီဖြစ်သော တံတားတစ်ခုအပေါ် ဒေါ်လာသန်းဝက်ကျော် သုံးစွဲမည်ဖြစ်ကြောင်း အစိုးရမှတ်တမ်းများအရ သိရသည်။

ထို့ပြင် တရုတ်နိုင်ငံမှ ဒန်ဒေါင်နှင့် မြောက်ကိုရီးယားမြို့ ဆင်နူးဂျုကို ဆက်သွယ်ပေးသည့် ယာလု မြစ်တံတားရင်းနှီးမြှုပ်နှံမှုအသစ်များသည် နယ်စပ်လုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း တရုတ်နိုင်ငံ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြောက်ကိုရီးယားနဲ့ ချိတ်ဆက်မှုမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ဆန္ဒနဲ့ပတ်သက်ပြီး တရုတ်အစိုးရဟာ တစ်သမတ်တည်းရှိနေတယ်လို့ ထင်ပါတယ်” ဟု Asan Institute for Policy Studies မှ ဂိုမြောင်ဟွန်းက ပြောကြားခဲ့သည်။

“ဒါဟာ မြောက်ကိုရီးယားနဲ့ ဆက်နွှယ်တဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဆက်လုပ်ဖို့ တရုတ်ရဲ့ ရေရှည်မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်။ မြောက်ကိုရီးယားက နောက်ဆုံးမှာ နယ်စပ်ကို ပြန်ဖွင့်ဖို့ ဒါမှမဟုတ် တရုတ်နဲ့ ကုန်သွယ်မှုအဆင့် တိုးမြှင့်ဖို့ ဆုံးဖြတ်မယ့်နေ့အတွက် ပြင်ဆင်နေတာပါပဲ" ဟု ၎င်းက ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံသည် တံတား၏လျှပ်စစ်ပိုင်းဆိုင်ရာစနစ်အများစုကို အစားထိုးရန်၊ ၃၃၄ ၀၀၀ စတုရန်းပေ (၃၁၀၀၀ စတုရန်းမီတာ) ရှိသော ကတ္တရာခင်းရန်နှင့် စစ်ဆေးရေးနှင့် ပြုပြင်ထိန်းသိမ်းမှု စာချုပ်သက်တမ်း ၂ နှစ် ချုပ်ရန် စီစဉ်ထားသည်ဟု မြောက်ကိုရီးယား သတင်းများအရ သိရသည်။

အစောပိုင်းတွင် ယာလုမြစ်ကူးတံတားသစ်သည် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ခန့် အကုန်အကျခံကာ ၂၀၁၃ ခုနှစ်တွင် ပြီးစီးခဲ့ပြီး မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံကြား အဓိကလမ်းမကြီးတစ်ခုဟု ယူဆရသည်။ သို့သော် ပြီးစီးပြီးကတည်းက အသုံးမပြုလုနီးပါးဖြစ်ပြီး ၂၀၁၉ ခုနှစ်နှောင်းပိုင်းအထိ တံတားသည် ဆင်နူးဂျူမြို့ပြင်ရှိ လယ်ကွင်းပြင်ထဲတွင် နိဂုံးချုပ်နေခဲ့သည်။

ပြည်လည်ဖွင့်လှစ်ပါက ယာလုမြစ်ကူးတံတားသည် တရုတ်နှင့် မြောက်ကိုရီးယားအကြား ကုန်သွယ်မှု အလုံးစုံ တိုးတက်လာနိုင်ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly