တရုတ်က အကျိုးစီးပွားအတွက် တိဗက်ယဉ်ကျေးမှုနှင့်ခေါင်းဆောင်မှုကို ဖယ်ကြဉ်နေ

တရုတ်က အကျိုးစီးပွားအတွက် တိဗက်ယဉ်ကျေးမှုနှင့်ခေါင်းဆောင်မှုကို ဖယ်ကြဉ်နေ

တရုတ်နိုင်ငံသည် လူနည်းစုအသိုက်အဝန်းကို ဘေးဖယ်ထားရန်နှင့် ၎င်း၏ ဗျူဟာမြောက် အကျိုးစီးပွားများကို ဖြည့်ဆည်းရန် ရည်ရွယ်ချက်ဖြင့် တိဗက်လူမျိုးများ၏ လက်ရှိနေအိမ်များကို ဖြိုဖျက်ကာ နေရာသစ်သို့ ရွှေ့ပြောင်းပေးနေသလို ဆင်းရဲနွမ်းပါးသော တိဗက်လူမျိုးများအား နယ်နိမိတ်ချင်း ထိစပ်နေသော ကျေးရွာများရှိ ရွာအိမ်သစ်များကို လက်ခံရန် တွန်းအားပေးလျက်ရှိကြောင်း အစီရင်ခံစာတစ်ခုအရ သိရသည်။

တရုတ်နိုင်ငံသည် ခုခံနိုင်စွမ်းအားနည်းသော နယ်စပ်ဒေသများကို အားဖြည့်နိုင်ရန် နေရာ ရွှေ့ပြောင်းချထား သည့် သမိုင်းကြောင်းများရှိသည်။

ယင်းနယ်စပ်ဒေသများသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅ ၀၀၀ ကျော်တွင် စခန်းချထားပြီး ထိုအမြင့်ကို ကျင့်သားရနေသူများသာ နေနိုင်သည့် ထူးခြားသော လက္ခဏာများရှိသည်။ထိုသို့ နေထိုင်ဖူးသော တိဗက်လူမျိုးများသာလျှင် ထိုကဲ့သို့သော အမြင့်တွင် သက်သောင့်သက်သာ နေထိုင်နိုင်ကြပြီး တိဗက်နွား များကို ထိန်းကျောင်းခြင်းဆိုင်ရာ ဗဟုသုတ အလုံအလောက်ရှိကြောင်း အခွင့်အရေးနှင့်လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (IFFRAS) အစီရင်ခံစာက ဆိုသည်။

တရုတ်နိုင်ငံ၏ နယ်နိမိတ်စီမံကိန်းသည် အခြေခံအားဖြင့် ကိုလိုနီစနစ်ဆိုင်ရာဆန်းသစ်သောပုံစံတစ်ခုဖြစ်ပြီး ဒေသဆိုင်ရာယုံကြည်ချက်များ၊ ဘာသာရေးစနစ်များ၊ ခေါင်းဆောင်မှုနှင့် အသိပညာများကို ဘေးဖယ်ထားကာ တမင်တကာ အာဏာသုံး၍ ပယ်ချနေသည်။ တစ်ခုတည်းသော အကြောင်းမှာတရုတ်၏ မဟာဗျူဟာ အကျိုးစီးပွားဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

နယ်စပ်ကျေးရွာများမှ လူဦးရေ လျော့နည်းလာမှုကို တန်ပြန်ရန် အရေးတကြီး လိုအပ်နေကြောင်း သတိပြုမိသော တရုတ်တို့သည် အိန္ဒိယ၊ နီပေါနှင့် ဘူတန်တို့နှင့် ကပ်လျက်တွင် ရွာများကို ပိုမိုတည်ဆောက် လာခဲ့သည်။

ပိုကြီးမားသော စိတ်ကူးမှာ ရဲနှင့်စစ်တပ်ကို အရပ်ဝတ် ဝတ်စေကာ ၎င်းတို့ စားဝတ်နေရေးအတွက် ပုံမှန်အလုပ်များ လုပ်စေလျက် သာမန်ပြည်သူကဲ့သို့ အသွင်ဆောင်စေပြီး ၎င်းဒေသများတွင် နေထိုင်ရန် တပ်ဖြန့်ထားသည်။ နယ်စပ်ကျေးရွာများတွင် ထိုသို့ လူသူမဲ့လာခြင်းသည် နိုင်ငံခြားမှ အင်အားစုများဒေသအတွင်းသို့ စိမ့်ဝင်လာခြင်းနှင့် လုံခြုံရေးအရ မမြင်နိုင်သော အန္တရာယ်များ ဖြစ်စေလိမ့်မည်။

ထို့ကြောင့် တရုတ်တို့သည် အမျိုးသားလုံခြုံရေးကို ခိုင်မာတောင့်တင်းစေရန် နယ်စပ်ကျေးရွာများ လူဦးရေတိုးတက်စေရေးအတွက် ၎င်းတို့၏တိဗက်မူဝါဒကို အရေးတကြီး ပြန်လည်အာရုံစိုက်နေကြောင်း IFFRAS က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly