နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တီဗွီကို ကလေးငယ်များကို ပြသပြီးနောက် ဟောင်ကောင်ကျောင်းများ တုံ့ပြန်မှုများနှင့် ရင်ဆိုင်နေရ

နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တီဗွီကို ကလေးငယ်များကို ပြသပြီးနောက် ဟောင်ကောင်ကျောင်းများ တုံ့ပြန်မှုများနှင့် ရင်ဆိုင်နေရ

ဒီဇင်ဘာ ၁၃ရက်တွင် ကျရောက်သည့် နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၈၄ နှစ်မြောက် အထိမ်း အမှတ်နေ့မတိုင်မီ ဗီဒီယိုဖိုင်တစ်ခုကို ဆရာများက ပြသခဲ့ပြီးနောက် ခြောက်နှစ်သားအရွယ်အထိ ငယ်ရွယ်သည့် ကျောင်းသားများသည် ငိုယိုကြသဖြင့် ဟောင်ကောင်ရှိ မူလတန်းကျောင်းတစ်ကျောင်းမှ တောင်းပန်စကား ဆိုခဲ့သည်။

ဒေသဆိုင်ရာ စာသင်ကျောင်းများအား နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အထိမ်းအမှတ် လှုပ်ရှားမှုများ လုပ်ဆောင်ရန် ပညာရေး ဗျူရိုက နိုဝင်ဘာလက ညွှန်ကြားလာပြီးနောက်ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Po Leung Kuk Hong Kong Taoist Association Yuen Yuen မူလတန်းကျောင်းသည် ငယ်ရွယ်သော ကျောင်းသားများအား ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်ဆိုင်ရာ ပညာရေးသင်ကြားချိန်အတွင်း နန်ကျင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဗီဒီယိုင်ဖိုင်တွင် ကွပ်မျက်ခြင်းနှင့် အလောင်းများကို ပြသခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအကြောင်း RTHK မှတ်တမ်းရုပ်ရှင်မှ ရယူထားသည့် ငါးမိနစ်စာ ဗီဒီယိုဖိုင် တွင် အရပ်သားများကို ဂျပန်စစ်သားများက ကွပ်မျက်ခဲ့ပုံများနှင့် ကလေးငယ်များ အပါအဝင် အလောင်းများကို ပြသထားသည်။

ယင်း ဗီဒီယိုဖိုင်သည် လူသတ်ပွဲ အထိမ်းအမှတ်အဖြစ် ပညာရေးဗျူရို၏ အကြံပြုထားသော သင်ထောက်ကူ ပစ္စည်းများတွင် ပါဝင်သည်။

၁၉၃၇ ခုနှစ် ဒီဇင်ဘာလမှ ၁၉၃၈ ခုနှစ် ဇန်နဝါရီလအထိ ကြာမြင့်ခဲ့သော နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ဒုတိယမြောက် တရုတ်-ဂျပန်စစ်ပွဲအတွင်း ခြောက်ပတ်တာကာလအတွင်း ဂျပန်အင်ပါယာ စစ်သားများသည် နန်ကျင်းမြို့တွင် နေထိုင်သူများစွာကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သလို ထောင်နှင့်ချီသော နန်ကျင်းမြို့သူများကို မုဒိမ်းကျင့်မှုများကို ပြုလုပ်ခဲ့သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို တရုတ်အစိုးရက ရည်ညွှန်းကာ ဂျပန်အပေါ် မျိုးချစ်စိတ်ဓာတ်ဖြင့် ဒေါသထွက်စေရေး ပြုလုပ်လေ့ရှိသည်။

သက်ဆိုင်ရာမိဘများထံမှ တိုင်ကြားမှုများကို တုံ့ပြန်သည့်အနေဖြင့် နောက်ပိုင်းတွင် ကျောင်းက ယင်းအဖြစ်အပျက်အတွက် “ဝမ်းနည်းကြောင်း” ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly