အိန္ဒိယသင်္ဘောသားများကို ပစ်မှတ်ထားသည့် ပိတ်ပင်မှုသည် လက်ခံနိုင်ဖွယ်မရှိကြောင်း တရုတ်ကို ပြောကြား ANI

အိန္ဒိယသင်္ဘောသားများကို ပစ်မှတ်ထားသည့် ပိတ်ပင်မှုသည် လက်ခံနိုင်ဖွယ်မရှိကြောင်း တရုတ်ကို ပြောကြား ANI

အိန္ဒိယသင်္ဘောသားများကို ရွေးချယ်ပြီး ပစ်မှတ်ထားသည့် ဟန့်တာမှုသည် လက်ခံနိုင်ဖွယ်မရှိကြောင်း အိန္ဒိယအစိုးရက တရုတ်အား အလေးပေးပြောကြားခဲ့သည်။

အိန္ဒိယအထက်လွှတ်တော်သို့ စာရေးအကြောင်းပြန်ရာတွင် ဆိပ်ကမ်းများ၊ သင်္ဘောနှင့် ရေကြောင်းဝန်ကြီး ဆိုနိုဝယ်က အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး ၂၀၂၁ခုနှစ်အစောပိုင်းက ထွက်ပေါ်လာခဲ့သည့် မီဒီယာသတင်းအချို့ကို အစိုးရက သတိပြုမိခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

"ဒါကြောင့် အစိုးရက ဒီကိစ္စကို တရုတ်ဘက်နဲ့ ဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယသင်္ဘောသားများကို ရွေးချယ်ပြီး ပစ်မှတ်ထားတဲ့ ပိတ်ပင်မှုတွေက လက်ခံနိုင်ဖွယ်မရှိကြောင်းကို အိန္ဒိယအစိုးရက တရုတ်ကို အလေးပေးပြောကြားခဲ့ပါတယ်” ဟု ဆိုနိုဝယ်က ပြောကြားခဲ့သည်။

တရုတ်က အိန္ဒိယသင်္ဘောသားများအား တရားဝင်မဟုတ်သော တားမြစ်ချက်နှင့် အိန္ဒိယသင်္ဘောသားများနှင့် အတူ သင်္ဘောများ ဝင်ရောက်/ဆိုက်ကပ်ခြင်းကို တားမြစ်ရာတွင် ဝန်ကြီးဌာနကို တရုတ်ဘက်က အကြောင်းကြားခြင်းရှိမရှိကို အိန္ဒိယလွှတ်တော်၏ မေးမြန်းချက်ကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားထားသည့် အပျော်စီးသင်္ဘောမှလွဲ၍ အိန္ဒိယသင်္ဘောသားများ၏ အလုပ်အပေါ် သက်ရောက်မှုမရှိကြောင်း ဆိုနိုဝယ်က ပြောကြားခဲ့သည်။

အဆိုပါသင်္ဘောများပေါ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်နိုင်ချေကို ထည့်သွင်းစဉ်းစားကာ သင်္ဘောသားအပြောင်းအလဲနှင့် သင်္ဘောသားများကို နေရပ်ပြန်ပို့ရန်အတွက် သင်္ဘောပိုင်ရှင်/မန်နေဂျာများထံ အကူအညီများအားလုံးကို ပံ့ပိုးပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Great Eastern Shipping Company ပိုင်ဆိုင်သော အိန္ဒိယသင်္ဘော M.V Jag Anand သည် ဩစတြေးလျမှ တင်ဆောင်လာသော ကျောက်မီးသွေးများအား ကုန်ကျရန် ၂၀၂၀ပြည့်နှစ် ဇွန်လ ၁၃ ရက်တွင် တရုတ်နိုင်ငံ

မြောက်ပိုင်း ကျန်းတန်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ်က အစောပိုင်းက ပြောကြားခဲ့သည်။

ယင်းသင်္ဘောပေါ်တွင် အိန္ဒိယသင်္ဘောသား ၂၃ ဦးလိုက်ပါခဲ့သည်။ အဆိုပါသင်္ဘောသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ပထမပတ်အထိ ကျန်းတန်ဆိပ်ကမ်းဆိပ်ကမ်းတွင် စောင့်ဆိုင်းနေခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly