ချင်းတွင်းမြစ်ရိုး ယင်းမာပင်နှင့် ကနီမြို့နယ်အစပ်တွင် စစ်ရဟတ်ယာဉ်ပတ်နေ

ချင်းတွင်းမြစ်ရိုး ယင်းမာပင်နှင့် ကနီမြို့နယ်အစပ်တွင် စစ်ရဟတ်ယာဉ်ပတ်နေ

ဒီဇင်ဘာ ၂၂

ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်အစပ် နေရာများဖြစ်သော ကျောက်မှော်ရွာ အနောက်ဘက် ကျေးရွာများနှင့် လဘို့ကျေးရွာ၊ တွင်းကျေးရွာ၊ အုန်းပင်ဆိပ်ကျေးရွာနှင့် သပြေတောရွာများ တစ်ဝိုက်တွင် ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၉ နာရီ ဝန်းကျင်မှစ၍ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပတ်နေကြောင်း ဒေသခံများထံက သိရသည်။

“အခု တစ်ကြိမ်နဲ့ဆိုရင် သုံးကြိမ်ရှိပြီ ။ သူတို့ ဝဲနေတာ။ အချို့ နေရာတွေမှာ ပစ္စည်းတွေ ချသွားတယ်လို့လည်း မြင်လိုက်တဲ့ သူတွေက ပြောနေတယ်။ အခုလက်ရှိတော့ မြောက်ဘက် မြစ်ကြောင်းအထက်ဘက်ကို မောင်းသွားပြီ” ဟု ဒေသခံ တစ်ဦးက ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ပြောသည်။

ချင်းတွင်းမြစ်ရိုး တစ်လျှောက်ရှိ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်တို့မှ ဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့များက မြစ်ရိုးမှ စုန်ဆင်းလာသော စစ်ကောင်စီရေယာဉ်များကို ပစ်မှတ်ထား တိုက်ခိုက်သည့် ဖြစ်စဉ်များလည်း ယခု ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly