တရုတ်သည် ကမ္ဘာတွင် သတင်းသမားအများဆုံးကို ဖမ်းဆီးထားသည့် နိုင်ငံဖြစ်ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ ပြောကြား

တရုတ်သည် ကမ္ဘာတွင် သတင်းသမားအများဆုံးကို ဖမ်းဆီးထားသည့် နိုင်ငံဖြစ်ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ ပြောကြား

တရုတ်နို်ငငံတွင် ထိခိုက်မခံသည့် သတင်းများထုတ်ပြန်သည့်အတွက် အနည်းဆုံး သတင်းထောက် ၁၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့(Reporters Without Borders) က ထုတ်ပြန်ထားသည်။

အာဏာရ တရုတ်ကွန်မြူနစ်ပါတီက ထိလွယ်ရှလွယ် သည်ဟု ယူဆထားသည့် အကြောင်းအရာများကို ဂျာနယ်လစ်များက သတင်းရေးသား ထုတ်ဝေမှုများအတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

RSF ၏ အသိပေးချက်အရ အဆိုပါသတင်းထောက်များတွင် သတင်း ထောက်အလုပ်ကို လုပ်ကိုင်နေသူများအပြင် အလွတ်တန်း မီဒီယာသမားများလည်း ပါဝင်သည်။

“အနည်းဆုံး သတင်းထောက် ၁၂၇ ဦး (သတင်းထောက်အလုပ်ကို လုပ်ကိုင်နေသူများနှင့် အလွတ်တန်း) ကို တရုတ်အစိုးရက လောလောဆယ် ထိန်းသိမ်းထားသည်” ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားပြီး သတင်းရယူပိုင်ခွင့်ကို တရုတ်အစိုးရက ဖိနှိပ်သည့် အတိုင်းအတာကို ထုတ်ဖော်ခဲ့သည်။

RSF အစီရင်ခံစာတွင် သတင်းထောက်များအား တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အာဘော်ဖြစ်လာစေရန် မည်ကဲ့သို့ အတင်းအကျပ် တွန်းအားပေးခံနေရကြောင်းကိုလည်း ဖော်ပြခဲ့သည်။

စာနယ်ဇင်းကတ်များကို လက်ခံခြင်းနှင့် သက်တမ်းတိုးရန်အတွက် ဂျာနယ်လစ်များသည် ရှီကျင့်ဖျင်၏ "အတွေးအခေါ်" များကို အစိတ်တစ်ပိုင်းအားဖြင့် နှစ်စဉ် လေ့ကျင့်ပေးသည့် နာရီ ၉၀ ကြာ သင်တန်းကို တက်ရောက်ကြရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်အစိုးရသည် မီဒီယာအပေါ် ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုကို ပိုမိုခိုင်မာစေမည့် အစီအစဉ်များကို အလားတူ ဆက်တိုက်ဖော်ထုတ်ခဲ့သည်။

အာဏာထိရောက်ခိုင်မာခြင်းနှင့် နိုင်ငံတကာသတင်းဖော်ပြချက်များတွင် တရုတ်၏ ပုံရိပ်ကို မြှင့်တင်ရန် အရေးကြီးသော ကိရိယာတစ်ခုအဖြစ် မီဒီယာကို တရုတ်အစိုးရက အသုံးချခဲ့သည်။

တရုတ်နိုင်ငံမှ ပညာရှင်များ၊ သတင်းသမားများနှင့် ကျွမ်းကျင်သူများကို ငွေကြေးထောက်ပံ့ပေးကာ ပြည်ပတွင် နေထိုင်သည့် တရုတ်လူမျိုးများအား ထောက်လှမ်းစောင့်ကြည့်နေစဉ် ပြည်တွင်းမီဒီယာများကို ဆင်ဆာဖြတ်နေကြောင်း HK Post က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly