ဖားကန့်တွင် အင်တာနက် ဖြတ်တောက်ခံရမှု ၄ လပြည့် ကန့်ကွက်ဆန္ဒပြ

ဖားကန့်တွင် အင်တာနက် ဖြတ်တောက်ခံရမှု ၄ လပြည့် ကန့်ကွက်ဆန္ဒပြ

ဒီဇင်ဘာလ ၂၁ ရက်

 

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ခံထားရမှု လေးလပြည့် ဆန့်ကျင်ကန့်ကွက်ပွဲနှင့် KIA၊ PDF၊ NUG၊ NUCC ထောက်ခံပွဲကို ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည်။ ဆန္ဒပြ ပြည်သူများက KIA နှင့် PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ အကြမ်းဖက် စစ်တပ် လုံးဝအုပ်ချုပ်ခွင့် မရစေရ၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး၊ ဖမ်းဆီးထားသူများ ချက်ချင်းလွှတ် စသည်ဖြင့် ကြွေးကြော် ချီတက် ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly