တောင်တရုတ်ပင်လယ်တည်ငြိမ်မှုကို တရုတ်စစ်သင်္ဘောများက ခြိမ်းခြောက်နေဟု အမေရိကန်အကြံပေးအဖွဲ့ ပြောကြား

By ipdefenseforum
21 December 2021
တောင်တရုတ်ပင်လယ်တည်ငြိမ်မှုကို တရုတ်စစ်သင်္ဘောများက ခြိမ်းခြောက်နေဟု အမေရိကန်အကြံပေးအဖွဲ့ ပြောကြား

တောင်တရုတ်ပင်လယ်၏ အငြင်းပွားနေသောနေရာများ၌ ရာနှင့်ချီသော တရုတ်စစ်သင်္ဘောများ သည် နိုင်ငံတကာဥပဒေတွင် နေသားတကျဖြစ်သော ပင်လယ်ရေကြောင်းကဏ္ဍ တည်ငြိမ်မှုကို သိသာစွာစိန်ခေါ်မှု ဖြစ်စေကြောင်း အမေရိကန်နိုင်ငံ၊ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

ထို့ပြင် တောင်တရုတ်ပင်လယ်အတွင်း လှုပ်ရှားနေသည်ဟု စွပ်စွဲခံထားရသည့် တရုတ် စစ်သင်္ဘော ၁၁၂ စင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့မှ ဖြစ်နို်ငသည့် နောက်ထပ် သင်္ဘော ၅၂ စင်း စာရင်းကိုလည်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

တရုတ်အစိုးရက ယင်းအစီရင်ခံစာကို တုံ့ပြန်ခြင်းမရှိသေးသော်လည်း ထိပ်တန်း ရေကြောင်းဆိုင်ရာ လေ့လာရေး တရုတ်ပညာရှင်တစ်ဦးက "ယုတ္တိဗေဒနှင့် နည်းစနစ်ပိုင်းဆိုင်ရာ ပြဿနာအချို့”ကို ကိုးကား၍ တွေ့ရှိချက်အများစုကို ပယ်ချခဲ့သည်။

စပရက်တလီကျွန်းများတွင် ကျွန်းတုကင်းစခန်းများကို ၂၀၁၆ခုနှစ်တွင် ဆောက်လုပ်ပြီးချိန်မှစ၍ CCP သည် တောင်တရုတ်ပင်လယ်တစ်လျှောက် ငြိမ်းချမ်းချိန်လှုပ်ရှားမှုများကို ထိန်းချုပ်ရန် အာရုံစိုက်ထားကြောင်းနှင့် ရေကြောင်းဆိုင်ရာ ပြည်သူ့စစ်များသည် ယင်းအပြောင်းအလဲ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုအချိန်မှစ၍ ပြည်သူ့စစ်ရေယာဉ်များကို စပရက်တလီကျွန်းများရှိ အငြင်းပွားရေပိုင်နက်များတွင် ပုံမှန်နှင့် အများအပြား ဖြန့်ကျက်ချထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly