အကြမ်းဖက်အဖွဲ့အစည်းများ ဓာတုလက်နက်ရရှိသွားမည်ကို စိုးရိမ်ကြောင်း အိန္ဒိယ ထပ်မံပြောကြား

အကြမ်းဖက်အဖွဲ့အစည်းများ ဓာတုလက်နက်ရရှိသွားမည်ကို စိုးရိမ်ကြောင်း အိန္ဒိယ ထပ်မံပြောကြား

အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်သမားတစ်ဦးချင်းဆီ၏ လက်တွင်းသို့ ဓာတုလက်နက်များ ရောက်ရှိသွားမည်ကို စိုးရိမ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆီးရီးယားအရေး အစည်းအဝေးတွင် အိန္ဒိယအစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ပရာသစ်မာသာက ဒီဇင်ဘာ ၈ ရက်က ထပ်မံပြောကြားလိုက်သည်။

“အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အကြမ်းဖက်သမားတစ်ဦးချင်းစီလက်ထဲကို ဓာတုလက်နက်တွေ ရောက်ရှိသွားနိုင်တယ်ဆိုတာ အိန္ဒိယက မကြာခဏ သတိပေးထားသလို ဓာတုလက်နက်များဆိုင်ရာ သဘောတူစာချုပ် (CWC) ကို အထူးလိုက်နာပြီး ဒီစာချုပ်ကို အပြည့်အဝနဲ့ ထိရောက်ပြီး ခွဲခြားဆက်ဆံမှုရှိဘဲ အကောင်အထည်ဖော်တာကို ထောက်ခံပါတယ်” ဟု မာသာက ပြောကြားသည်။

CWC သဘောတူစာချုပ်သည် ဖျက်အားပြင်းလက်နက်များအား ပပျောက်စေရန် တီထွင်မှု၊ ထုတ်လုပ်မှု၊ ရယူမှု၊ သိုလှောင်မှု၊ စုဆောင်းမှု၊ လွှဲပြောင်းခြင်း သို့မဟုတ် ဓာတုလက်နက်များအား အစရှိသည်တို့ကို အဖွဲ့အစည်းများက အသုံးမပြုရန် ရည်ရွယ်ထားကြောင်း တရားဝင်ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

UNSC သို့ ပြောသည့် မိန့်ခွန်းတွင် မာသာက မည်သည့်အခြေအနေတွင် မဆို ဓာတုလက်နက်များ အသုံးပြုခြင်းကို အိန္ဒိယက လက်မခံကြောင်း ပြောကြားသည်။

“ဘယ်သူက ဘယ်နေရာမှာ ဘယ်အချိန်ဖြစ်ဖြစ် ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် ဓာတုလက်နက်များအား အသုံးပြုခြင်းကို ကန့်ကွက်ပါတယ်” ဟု မာသာက ပြောကြားသည်။

“ဓာတုလက်နက်တွေ အသုံးပြုမှုအ‌ပေါ် မည်သည့် စစ်ဆေးမှုကို မဆို ဘက်မလိုက်အောင်၊ ယုံကြည်စိတ်ချနိုင်အောင်၊ ယထာဘူတကျအောင် ကျွန်တော်တို့က လိုက်နာကျင့်သုံးပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

ဓာတုလက်နက်များ တားဆီးရေး အဖွဲ့ နှင့် ဆီးရီးယားနိုင်ငံတို့သည် ယင်းကိစ္စကို အပြုသဘောအရ ပူးပေါင်းဆောင်ရွက်ကြရန်လည်း Indian xounsellor အဖွဲ့က တိုက်တွန်းထားသည်။

ဓာတုလက်နက်သည် အဆိပ်ဂုဏ်သတ္တိများဖြင့် ရည်ရွယ်ချက်ရှိ သတ်ဖြတ်ရန် သို့မဟုတ် ထိခိုက်မှု ဖြစ်စေသည့် ဓာတုပစ္စည်း တစ်မျိုးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly