တီအန်မင်ရင်ပြင်၌ ဆန္ဒပြသူများကို ဖြိုခွင်းမှု နှစ်ပတ်လည်ဆုတောင်းပွဲတွင် ပါဝင်ရန် ဆော်ဩမှုဖြင့် ဟောင်ကောင်သူဌေးကြီးတစ်ဦးကို ထောင်ဒဏ် ၁၃ လ ချမှတ်

By AP, HONG KONG
21 December 2021
တီအန်မင်ရင်ပြင်၌ ဆန္ဒပြသူများကို ဖြိုခွင်းမှု နှစ်ပတ်လည်ဆုတောင်းပွဲတွင် ပါဝင်ရန် ဆော်ဩမှုဖြင့် ဟောင်ကောင်သူဌေးကြီးတစ်ဦးကို ထောင်ဒဏ် ၁၃ လ ချမှတ်

တရုတ်အာဏာပိုင်တို့က ခွင့်မပြုသော တီအန်မင်ရင်ပြင် ဆန္ဒပြသူများအား ၂၀၂၀ပြည့်နှစ်က ဖြိုခွင်းမှု နှစ်ပတ်လည် ဆုတောင်းပွဲတွင် ပါဝင်ရန် တိုက်တွန်းဆော်ဩခြင်းကြောင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူနှင့် စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်အား ဟောင်ကောင်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၃ လ ချမှတ်ခဲ့သည်။

ဟောင်ကောင်ဥပဒေပြုကာင်စီသည် လွန်ခဲ့သည့် ၂ နှစ်အတွင်း ဖယောင်းတိုင် မီးထိန်းညှိသည့်အထိမ်းအမှတ်ပွဲအား ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်ရန် ပိတ်ပင်ခဲ့သည်ဆိုသော်လည်း အဆိုပါပိတ်ပင်မှုသည် နောင်တွင်လည်းဖြစ်လာနိုင်သည်ဟု လက်ခံယုံကြည်ထားကြသည်။

ယခုပိတ်ခံထားရသော ဒီမိုကရေစီကို ထောက်ခံသည့် Apple Daily ကို တည်ထောင်သူ လိုင်သည် ဒီမိုကရေစီဆန္ဒပြပွဲများတွင် ပါဝင်ခဲ့မှုအတွက် ထောင်ဒဏ် စုစုပေါင်း လ ၂၀ကျခံရမည်ဖြစ်သည်။

နောက်ဆုံးအမှုတွင်၊ ၁၉၈၉ခုနှစ် တီအန်မင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူများအား အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ခွင့်ပြုချက်မရသည့် စုဝေးမှုတွင်ပါဝင်ရန် အခြားသူများကို လှုံ့ဆော်မှုဖြင့် ၎င်းကို ဒီဇင်ဘာ ၉ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

လိုင်နှင့် အတူ ရှေ့နေ ချိုဟန်တန်နှင့် သတင်းထောက်ဟောင်း ကွေနက်ဟိုတို့ ဆုတောင်းပွဲတွင် ပါဝင်ခြင်း အတွက် ထောင်ဒဏ် ၁၂ လနှင့် ၆ လ အသီးသီး ချမှတ်ခံခဲ့ရသည်။

ချိုသည်လည်း အခြားသူများကို ပူးပေါင်းရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

၎င်းတို့သုံးဦးက စွဲချက်များအတွက် အပြစ်မရှိကြောင်း ပြောကြားခဲ့သည်။

ကျန်လူများကိုလည်း ၄လ၊ ၂ပတ်မှ ၉လအထိ ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ဟောင်ကောင်မဟာမိတ်အဖွဲ့သည် ပေကျင်းတွင် ၁၉၈၉ခုနှစ် အကြမ်းဖက်ဖြိုခွင်းမှု၏ လူထုအထိမ်း အမှတ် အဖြစ် ဇွန်လတိုင်းတွင် ဖယောင်းတိုင်မီးထွန်းပြီး အောက်မေ့ဖွယ်အထိမ်းအမှတ်ပွဲကို ကျယ်ကျယ်ပြန့်ပြန့်ပြုသည့် တစ်ခုတည်းသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly