ဩစတြီးယားမှ တိဗက်လူမျိုးများက တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန္ဒပြ

ဩစတြီးယားမှ တိဗက်လူမျိုးများက တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန္ဒပြ

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့မှ တိဗက် လူမျိုးများသည် တရုတ်နိုင်ငံအတွင်း လူ့အခွင့် အရေးများချိုးဖောက်မှုအတွက် တရုတ်ကွန်မြူနစ်ပါတီ (CCP) ကို ဒီဇင်ဘာ ၁၀ ရက်တွင်ကျရောက်သော ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

တိဗက်အသိုင်းအဝန်းသည် စတက်ဖန်ပလာ့ဇ်ရင်ပြင်မှ ဗီယင်နာမြို့ မက်တာနင်ဂက်စ်အရပ်ရှိ တရုတ်သံရုံးသို့ ဒီဇင်ဘာ ၁၀ ရက်က လမ်းလျှောက်ဆန္ဒပြရာတွင် တိဗက်ကို တရားမဝင် သိမ်းပိုက်ခြင်းအား အဆုံးသတ် ပေးရန် တောင်းဆိုခဲ့ကြသည်။

တရုတ်နိုင်ငံတွင် CCP မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းအပေါ် ဆန္ဒပြသူများက ‘တိဗက်ကို တရုတ်ကနေ လွတ်မြောက်ခွင့်ပေး’ ဟုရေးသားထားသော တိဗက်အလံများနှင့် ကတ်ပြားများကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

မကြာသေးမီက ထွက်ရှိလာခဲ့သည့် သုတေသနစာတမ်းသစ်တစ်စောင်တွင် တိဗက်ဒေသအတွင်း တရုတ်၏ ရွှေ့ပြောင်းနေထိုင်ရေးမူဝါဒများသည် လူမှုရေးပြောင်းလဲမှုဟူသော အပြင်ပန်းသဏ္ဍာန်အောက်၌ တိဗက်၏ တစ်မူထူးခြားမှုနှင့် ရာစုနှစ်များစွာသက်တမ်းရှိ ယဉ်ကျေးမှုများကို ခြိမ်းခြောက်လျက်ရှိကြောင်း ဖော်ပြထား သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၄၈ ခုနှစ်တွင် ဒီဇင်ဘာ ၁၀ ရက် ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် အတည်ပြုခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) သည် လူမျိုး၊ အသားအရောင်၊ ဘာသာရေး၊ လိင်၊ ဘာသာစကား၊ နိုင်ငံရေး သို့မဟုတ် အခြားထင်မြင်ယူဆချက်များ၊ နိုင်ငံသားဆိုင်ရာ သို့မဟုတ် လူမှုရေးဇာစ်မြစ်၊ ပိုင်ဆိုင်မှု၊ မွေးဖွားမှု သို့မဟုတ် အခြားအခြေအနေများကို ပဓာနမထားဘဲ လူသားတစ်ဦးအဖြစ် လူတိုင်းရထိုက်သည့် ငြင်းပယ်မရသော အခွင့်အရေးများကို ကြေညာထားသည့် သမိုင်းမှတ်တိုင်စာတမ်းတစ်ခုဖြစ်သည်။

ဘာသာစကား ၅၀၀ ကျော်ဖြင့် ထုတ်ပြန်ထားပြီး ကမ္ဘာပေါ်တွင် ဘာသာပြန်ရမှုအများဆုံး မှတ်တမ်းတစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required