ပါကစ္စတန် နှင့်သီရိလင်္ကာတို့ ကာကွယ်ရေး၊ လုံခြံုရေး နှင့်ကုန်သွယ်မှု သဘောတူညီမှုစာချုပ် ရှစ်ခု လက်မှတ်ရေးထိုး

ပါကစ္စတန် နှင့်သီရိလင်္ကာတို့ ကာကွယ်ရေး၊ လုံခြံုရေး နှင့်ကုန်သွယ်မှု သဘောတူညီမှုစာချုပ် ရှစ်ခု လက်မှတ်ရေးထိုး

ကိုလံဘို၊ ဇန်နဝါရီ ၅ ။            ။ ပါကစ္စတန် နှင့် သီရိလင်္ကာတို့သည် ဇန်နဝါရီ ၅ ရက်က နှစ်နိုင်ငံသဘောတူညီမှုစာချုပ် ရှစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းတို့မှာ နှစ်နိုင်ငံအကြား ကာကွယ်ရေး၊ လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ကုန်သွယ်ရေး၊ သိပ္မံနှင့် နည်းပညာကဏ္ဍများတွင် တိုးမြင့်ဆောင်ရွက်သွားရေးဆိုင်ရာ စာချုပ်များဖြစ်ကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ကိုလံဘိုရှိ သမ္မတအတွင်းရေးမှူးရုံးတွင် ပြုလုပ်ခဲ့ပြီး ပါကစ္စတန်ဝန်ကြီးချုပ် နာဝက်ဇ်ရှာရစ်ဖ် နှင့် သီရိလင်္ကာ သမ္မတ မိုက်သရီပါလာ သီရိသေန တို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ရှာရစ်ဖ်က နှစ်နိုင်ငံကုန်သွယ်မှုအတွက် အခွင့်အလမ်းများစွာရှိနေကြောင်း နှင့် ကုန်သွယ်မှုပမာဏမှာ တစ်နှစ်လျင် ကန်ဒေါ်လာ ၁ ဘီလီယံ ရှိမည်ဖြစ်ကြောင်း   ပြောကြားသွားသည်။

ယင်းအပြင် သီရိလင်္ကာနိုင်ငံနှင့်အတူ ကာကွယ်ရေးပိုင်းတွင်  ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး အကြမ်းဖက်သမားများအား ဘဏ္ဍာငွေထောက်ပံ့ပေးနေမှုများကို နှစ်နိုင်ငံအတူတကွ ပိတ်ပင်တားဆီးသွားမည်ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

မိမိတို့ နှစ်ဘက်ခေါင်းဆောင်များသည် နှစ်နိုင်ငံအကြားဆက်ဆံရေးကို ပိုမိုခိုင်မာရန် ရည်ရွယ်ထားပြီး နိုင်ငံတကာနှင် ဒေသတွင်း အရေးကိစ္စများတွင်လည်း သဘောထားအမြင်တူညီမှုရှိကြောင်း ရှာရစ်ဖ်က ပြောသည်။

ယခု တွေ့ဆုံမှုတွင် ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့ကို ဝန်ကြီးချုပ် နာဝက်ဇ်ရှာရစ်က ဦးဆောင်ခဲ့ပြီး သီရိလင်္ကာဘက်တွင် သမ္မတ မိုက်သရီပါလာ သီရိသေနက ဦးဆောင်တွေ့ဆုံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly