မလေးရှားသို့ သွားမည့် မြန်မာနိုင်ငံသား ၃၀ ကျော် ထိုင်းတွင် ဖမ်းဆီးခံရ

By ကိုရွှေမြိတ်
20 December 2021
မလေးရှားသို့ သွားမည့် မြန်မာနိုင်ငံသား ၃၀ ကျော် ထိုင်းတွင် ဖမ်းဆီးခံရ

ဒီဇင်ဘာ ၂၀

မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား ၃၀ ကျော်သည် ယမန်နေ့ ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီခွဲတွင် ထိုင်းနိုင်ငံ ရနောင်း နယ်စပ်ဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။

တရားမဝင် နယ်စပ် ဖြတ်ကျော်သည့် မြန်မာနိုင်ငံသား အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ၃၄ ဦး သည် မလေးရှားနိုင်ငံသို့ အလုပ် သွားရောက် လုပ်ကိုင်ရန် ထိုင်းနိုင်ငံ ရနောင်း နယ်စပ်ဂိတ်မှ တစ်ဆင့် တောလမ်းမှ ခိုးဝင်စဉ် ထိုင်း နယ်စပ်လုံခြုံရေး အထူးစစ်ဆေးရေး အဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသား ၃၄ ဦး သည် တစ်ဦးလျင် ပွဲခ ဘတ် ၃၀၀၀၀ ပေးပြီး ရောက်ရှိလာသူများ ဖြစ်ကြောင်း သိရသည်။

ယခု ဖမ်းဆီးမှုနှင့် ပတ်သက်၍ တရားမဝင် ဝင်ရောက်မှုများကို ကာကွယ် တားဆီးနိုင်ရန် အတွက် ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly