ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂ခုအတွက် အမိန့်မချဘဲ ဒီဇင်ဘာ ၂၇ရက်သို့ ရုံးချိန်းရွှေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂ခုအတွက် အမိန့်မချဘဲ ဒီဇင်ဘာ ၂၇ရက်သို့ ရုံးချိန်းရွှေ့ဆိုင်း

ဒီဇင်ဘာ ၂၀

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မနှစ်ခုအတွက် ယနေ့ ဒီဇင်ဘာ ၂၀ရက်တွင် အမိန့်ချမည်ဖြစ်သောလည်း အမိန့်မချဘဲ ရုံချိန်းကို ဒီဇင်ဘာ ၂၇ရက်သို့ ရက်ရွှေ့ဆိုင်းလိုက်သည်။

ပို့ကုန် ၊ သွင်းကုန် ဥပဒေပုဒ်မ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ နှစ်ခုအတွက် ယနေ့ အမိန့်ချရမည်ဖြစ်သော်လည်း တရားသူကြီးက အကြောင်းပြချက်မရှိ ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

၎င်း ပုဒ်မ နှစ်ခုသည် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေစဉ် စကားပြောစက် (၁၀)လုံး နှင့် Jammer တစ်စုံ တွေ့ရှိသည်ဟု အကြောင်းပြကာ စွဲချက်တင်ခဲ့သည့် ပုဒ်မနှစ်ခုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးစီမံပုဒ်မနှင့် ပုဒ်မ ၅၀၅ (ခ) နှစ်မှုအတွက် ဒီဇင်ဘာ ၆ ရက်တွင် အမိန့်ချခဲ့ပြီး နောက်ပိုင်း ကြားနာမှုများတွင် အကျဉ်းသားဝတ်စုံဖြင့်သာ တရားခွင်ကို လာရောက်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required