ဖားကန့်ကျောက်လုပ်ကွက်မြေပြိုမှု အနည်းဆုံး ၁၀ ဦး ပျောက်ဆုံးနေ၊ အသက်ရှင်လျက်ပြန်တွေ့ရန် အခွင့်အလမ်းနည်းသွားပြီဟု ကယ်ဆယ်ရေးသမားများပြောကြား

ဖားကန့်ကျောက်လုပ်ကွက်မြေပြိုမှု အနည်းဆုံး ၁၀ ဦး ပျောက်ဆုံးနေ၊ အသက်ရှင်လျက်ပြန်တွေ့ရန် အခွင့်အလမ်းနည်းသွားပြီဟု ကယ်ဆယ်ရေးသမားများပြောကြား

ဒီဇင်ဘာလ ၁၉ ရက်

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် စက်ယန္တရားများဖြင့် ကျောက်ရှာဖွေနေချိန်တွင် မြေပြိုမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၀ ဦး ပျောက်ဆုံးလျက်ရှိပြီး အသက်ရှင်လျက်ပြန်တွေ့ဖို့အခွင့်အလမ်းနည်းသွားပြီဟု ရှာဖွေကယ်ဆယ်ရေးသမားများက မဇ္ဈိမကိုပြောသည်။

မနမှော်အနားရှိ ကျောက်စိမ်းလုပ်ကွက်တွင် ယနေ့နံနက် ၂ နာရီခန့်က မြေပြိုမှုကြောင့် ရေကန်ထဲ မြေစာပစ်ကားနှင့်အတူ ယာဉ်မောင်းသမား၊ ကားပြနှင့် ရေမဆေးကျောက်ရှာနေသူများ မြေပြိုသည့်အထဲပါသွားခဲ့သည်။

ကျောက်စိမ်းလုပ်ကွက်တွင် မြေစာတင်ကားများတွင် ယာဉ်မောင်းကိုကူညီလမ်းပြပေးသူ ယာဉ်နောက်လိုက်ကို ကားပြဟု ခေါ်လေ့ရှိသည်။ 

မြေပြိုမှုဖြစ်ပွားနောက် နံနက်လင်းချိန်ကတည်းက ရှာဖွေကယ်ဆယ်ရေးများကို လှေများနှင့်ပါလုပ်ဆောင်လျက်ရှိသော်လည်း ယခုသတင်းပေးပို့အချိန်အထိ တစ်ဦးတစ်ယောက်မှရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်းနှင့်အသက်ရှင်လျက်ပြန်တွေ့ဖို့ " အခွင့်အလမ်းနည်း အရမ်းနည်းသွားပြီ" ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required