ပလက်ဝမြို့နယ်တွင် အရပ်သား ၆ ဦး သတ်ဖြတ်သူများကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု CDF ကြေညာ

ပလက်ဝမြို့နယ်တွင် အရပ်သား ၆ ဦး သတ်ဖြတ်သူများကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု CDF ကြေညာ

ဒီဇင်ဘာ ၁၈ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် အရပ်သားခြောက်ဦးကို လက်နက်ကိုင်တစ်စုကို သတ်ဖြတ်မှုပြုလုပ်ခဲ့ခြင်းအပေါ် ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု CDF- ပလက်၀က ထုတ်ပြန်လိုက်သည်။

ဆမီးမြို့ စိုးနီကနောင်ကျေးရွာတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် လက်နက်ကိုင်ဆောင်ထားသူ ငါးဦးရောက်လာပြီး ကျေးရွာသားလေးဦးနှင့် ကုမ္ပဏီဝန်ထမ်းသုံးဦးကို ရွာပြင်ခေါ်သွားခဲ့ကာ ခြောက်ဦးကိုသတ်ပစ်ခဲ့သည်။ တစ်ဦးကတော့ ဒဏ်ရာရ၍ ဆမီးမြို့တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

" ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး CDF-ပလက်၀ နှင့်ပြည်သူအကြားအထင်လွှဲမှားမှုများဖြစ်ပေါ်လာနိုင်သည့်အပြင် အပြစ်မဲ့ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် အစုလိုက်အပြုံ လိုက်လူမဆန်စွာသတ်ဖြတ်ခဲ့သော အဖွဲ့အစည်း လူပုဂ္ဂိုလ်များအား ဆက်လက်စုံ စမ်းစစ်ဆေးမှုများပြုလုပ်ကာ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားရန်" ဟု CDF-ပလက်၀က ထုတ်ပြန်သည်။

ထို့အပြင် "ပြည်သူများ၏လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပေါ်အပြည့်အဝတာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်" ဟုလည်းပါရှိသည်။ 

စိုးနီကနောင်ကျေးရွာသည် ဆမီးမြို့မှ ၁၂ မိုင်ခန့် ကွာဝေးကာ အိမ်ခြေ ခြောက်ဆယ်ဝန်း ကျင်ရှိပြီး ခူမီးချင်းများ နေထိုင်သည့်ကျေးရွာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required