မင်္ဂလာမန္တလေး ကော်သေနတ်ဖြင့် ဓားပြတိုက်မှု လူ ၂ ဦးကို ဖမ်းဆီး

မင်္ဂလာမန္တလေး ကော်သေနတ်ဖြင့် ဓားပြတိုက်မှု လူ ၂ ဦးကို ဖမ်းဆီး

ဒီဇင်ဘာလ ၁၈ ရက်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် (၇၃) လမ်းပေါ်ရှိ မင်္ဂလာမန္တလေးတွင် ယမန်နေ့ ညနေပိုင်းက ကော်သေနတ်ပြကာ ဓားပြတိုက်မှုတွင်ကျူးလွန်သည့်သူများ စီးနင်းခဲ့သည်ဆိုသောကားကိုသိမ်းဆည်းရမိထားကြောင်းနှင့် လူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။ 

ဒီဇင်ဘာ ၁၇ ရက် ညနေ ၄ နာရီဝန်းကျင်က မင်္ဂလာမန္တလေး အိမ်ရာ မြေညီထပ်တွင် ရုံးခန်းဖွင့်ထားသော ကုမ္ပဏိီတစ်ခု၏ ငွေထုတ်၊ငွေအပ် ပြုလုပ်ရာ နေရာသို့ အမျိုးသားလေးဦး ဝင်ရောက်လာကာ သေနတ်ပြ ခြိမ်းခြောက်ပြီး ငွေကျပ်သိန်း ၃၀၀၀ ဓားပြတိုက်သွားခြင်းဖြစ်သည်။

ည၈နာရီဝန်းကျင်တွင်  ဓားပြတိုက်ရာတွင်အသုံးပြုသည့် ကော်သေနတ်၊ကားနှင့် ဓားပြတိုက်ယူခဲ့သည့် ငွေကျပ် သိန်း၃၀၀ကို မင်္ဂလာမန္တလေးအိမ်ရာအနီးရှိ အောင်မြင်သူကုမ္ပဏီပိုင်ခြံဝန်းအတွင်းက သိမ်းဆည်းရရှိခဲ့ပြီးနောက် အဆိုပါဝင်းအတွင်းရှိ ခြံစောင့်နှစ်ဦးကိုစစ်ဆေးနေကြောင်းသိရသည်။

ဓားပြတိုက်ခံရသည့် မင်္ဂလာမန္တလေးအိမ်ယာသည် စစ်ကောင်စီအသိုင်းဝိုင်းနှင့်နီးစပ်သူ၊တရုတ်လုပ်ငန်းရှင်များ အများဆုံးနေထိုင်သည့် အိမ်ယာဖြစ်သည်။

ဓားပြတိုက်ရာတွင်ပါဝင်သည့် ပစ္စည်းများမိသည်ဟု ဆိုသည့်အောင်မြင်သူခြံဝန်းသည်လည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှလုပ်ကွက်များစွာရရှိထားသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required