ဖယ်လိုင်နီကိုအသင်းတွင်သာ မန်ယူဆက်ထိန်းထားလို

ဖယ်လိုင်နီကိုအသင်းတွင်သာ မန်ယူဆက်ထိန်းထားလို

ဇန်နဝါရီ ၅၊ မန်ချက်စတာ ။           ။ မန်ယူအသင်းသည် ဖယ်လိုနီကို အသင်းတွင်သာ ဆက်ထိန်းထားရန် ဆန္ဒရှိနေပြီး ဇန်နဝါရီလအတွင်း ယင်းဘယ်လ်ဂျီယံကွင်းလယ် ကစားသမားအား အငှားဖြင့်ခေါ်ယူရန် ကမ်းလှမ်းလာမှုများကို ပယ်ချထားပြီးဖြစ်သည်။

ဖယ်လိုင်နီကိုလိုချင်သည့်အသင်းများတွင် အေစီမီလန်လည်းပါဝင်သော်လည်း မန်ယူအသင်းသည် ရာသီဝက်အတွင်းကြုံနေရသည့် ရလဒ်ဆိုး များ၊ ဒဏ်ရာပြဿနာများကြောင့် ဖယ်လိုင်နီကို ဆက်ထိန်းထားလိုနေခြင်းဖြစ်သည်။

သို့ဖြစ်ရာ မန်ယူအသင်းနှင့် ၂၀၁၈ အထိစာချုပ်သက်တမ်းကျန်နေသေးသော ၂၈ နှစ်အရွယ်ကစားသမားအနေဖြင့် အသင်းတွင် ၎င်း၏ အနာဂါတ်ဆက်ရှိနေသေးသည်ဟု ယူဆနိုင်မည်ဖြစ်သည်။

ဖယ်လိုင်နီသည် ဒီဇင်ဘာအတွင်း ဝုဖ်ဘတ်၊ ဘုန်းမောက်၊ နော့ဝှစ်ချ်နှင့် စတုခ်အသင်းတို့ကို လေးပွဲဆက်ရှုံးသည့်ပွဲများအပါအဝင် ယခုနှစ် တွင် မန်ယူအတွက် ရှစ်ပွဲ ပွဲထွက်ကစားထားသည်။

အရန်ကစားသမားအဖြစ် ၁၀ ပွဲကစားခဲ့ပြီး ၎င်းမပါဝင်သည့် ချယ်လ်ဆီး၊ ဆွမ်ဆီးတို့နှင့်ပွဲတွင် မန်ယူအသင်း လေးမှတ်ရခဲ့သည်။ မန်ယူ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် နစ်ပါဝဲလ်ကိုလည်း ပရက်စတန်အသင်းက အငှားခေါ်ချင်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly