အပြောင်းအရွှေ့ပိတ်ပင်မှုပြစ်ဒဏ်ပြီးနောက် ဘာစီ ကစားသမားသစ် ရ၇ ဦး စာရင်းတင်သွင်း

အပြောင်းအရွှေ့ပိတ်ပင်မှုပြစ်ဒဏ်ပြီးနောက် ဘာစီ ကစားသမားသစ် ရ၇ ဦး စာရင်းတင်သွင်း

ဘာစီလိုနာ၊ ဒီဇင်ဘာ ၅ ။           ။ အပြောင်းအရွှေ့ ပိတ်ပင်မှု ပြစ်ဒဏ်ပြီးဆုံးသွားပြီးနောက် ဘာစီလိုနာအသင်းသည် အသင်းကြီးမှစပြီး အသက်အရွယ်အလိုက် အသင်းများအားလုံးပေါင်း ကစားသမားသစ် ၇၇ ဦးအထိ စာရင်းတင်သွင်းလိုက်သည်။

ဘာစီလိုနာအသင်းသည် အသက် ၁၈ နှစ်မပြည့်သေးသည့် ကစားသမားများ ဝယ်ယူခဲ့မှုကြောင့် ဖီဖာက ၁၄ လကြာ အပြောင်းအရွှေ့ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ဘာစီလိုနာအသင်းသည် ကစားသမားသစ် ၇၇ ဦးအထိ စာရင်းသွင်းပြီးနောက် အပြောင်းအရွှေ့ဈေးကွက်တွင် အလုပ်ရှုပ်နေပြီ ဖြစ်သည်။

ရာသီအစက ဝယ်ယူထားခဲ့သော အက်သလက်တီကိုကွင်းလယ်လူ အာဒါတူရန်နှင့် ဆီဗီလာနောက်ခံလူ ဗီဒယ်တို့မှာ ဘာစီလိုနာအသင်းကြီး၏ အဖွဲ့ဝင်သစ်များ ဖြစ်လာပြီ ဖြစ်သည်။

စာရင်းသစ်တင်သွင်းလိုက်သော ၇၇ ဦးတွင် အာဒါတူရန်နှင့် ဆီဗီလာတို့ နှစ်ဦးသာ အသင်းကြီးမှ ဖြစ်ပြီး ကျန်ကစားသမား ၇၅ ဦးမှာ အရန်အသင်းနှင့် ကျန်သက်တမ်းအလိုက်အသင်းများမှ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly