တရုတ် ဆိုက်ဘာသူလျှိုများက တောင်အာရှနိုင်ငံများရှိ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများကို ပစ်မှတ်ထားကာ သြဇာလွှမ်းမိုးရန် ပိုမို ကြိုးပမ်းလာ

တရုတ် ဆိုက်ဘာသူလျှိုများက တောင်အာရှနိုင်ငံများရှိ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများကို ပစ်မှတ်ထားကာ သြဇာလွှမ်းမိုးရန် ပိုမို ကြိုးပမ်းလာ

တရုတ်က အနာဂတ်တွင် ဒေသတွင်း သြဇာလွှမ်းမိုးမှု ပိုမိုနက်ရှိုင်းလာစေရန် ရည်ရွယ်ချက် အမျိုးမျိုးအတွက် ဆိုက်ဘာသူလျှိုစစ်ဆင်ရေးမှတစ်ဆင့် အရှေ့တောင်အာရှရှိ အစိုးရများနှင့် ပုဂ္ဂလိက ကဏ္ဍအဖွဲ့အစည်းများအပေါ် မဟာဗျူဟာနှင့် နည်းဗျူဟာဆိုင်ရာ အကျိုးစီးပွားကို ဆက်လက် လုပ်ဆောင်နေကြောင်း အမေရိကန်အခြေစိုက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီဖြစ်သည့် Recorded Future ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ၂၀၂၁ခုနှစ် တစ်လျှောက်လုံး Recorded Future အသုံးပြုသူများသို့ အစီရင်ခံတင်ပြသည့် လုပ်ဆောင်ချက်များစွာကို အလေးထားဖော်ပြထားသည်။

အစီရင်ခံစာသည် အရှေ့တောင်အာရှအစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများအပေါ် တရုတ်၏ မဟာဗျူ ဟာနှင့် နည်းဗျူဟာဆိုင်ရာ စိတ်ဝင်စားမှုကို အလေးထားဖော်ပြထားသည်။

Recorded Future ၏ Insikt Group သည် အရှေ့တောင်အာရှတစ်ဝန်းရှိ အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများကို ပစ်မှတ်ထား၍ တရုတ်အစိုးရမှ ကမကထပြုသည့် ဆိုက်ဘာသူလျှိုလုပ်ငန်းများကို ခြေရာခံခဲ့သည်။

Insikt Group သည် တောင်တရုတ်ပင်လယ်နှင့် ထိစပ်နေသည့် နိုင်ငံအများအပြားတွင် ရှိနေသည့် ရေတပ်၊ ဝန်ကြီးချုပ် ရုံးများ၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများ၏ အပေးအယူညှိနှိုင်းမှုများကို ဖော်ထုတ်ခဲ့သည်။

ကမ္ဘောဒီးယားရှိ ရှီဟန်နော့ဗီလာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိပ်ကမ်း (PAS) နှင့် လာအို အထူးစီးပွားရေးဇုန်များ ဆိုင်ရာ အမျိုးသားကော်မတီတို့ကို ပစ်မှတ်ထားမှုသည် ခါးပတ်လမ်းစီမံကိန်းများအောက်တွင် တရုတ်၏ ပိုမိုကျယ်ပြန့် သော မဟာဗျူဟာရည်မှန်းချက်များနှင့် ဆက်စပ်နေဖွယ်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

PAS သည် ပင်လယ်ရေကြောင်းပိုးလမ်းမတွင် ယင်း၏တည်နေရာကြောင့် မဟာဗျူဟာမြောက် အရေးပါပြီး လာအိုအစိုးရက အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်းနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အပါအဝင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအချက်အဖြစ် မြှင့်တင်ပေးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly