တရုတ်သင်္ဘောများ ရုတ်တရက် တပ်ချထားမှုကြောင့် တောင်တရုတ်ပင်လယ်အတွင်း စစ်အင်အား ချိန်ခွင်လျှာ ပြောင်းလဲသွား

တရုတ်သင်္ဘောများ ရုတ်တရက် တပ်ချထားမှုကြောင့် တောင်တရုတ်ပင်လယ်အတွင်း စစ်အင်အား ချိန်ခွင်လျှာ ပြောင်းလဲသွား

တရုတ်သင်္ဘော အများအပြား လျင်မြန်စွာ တပ်ချထားလိုက်ခြင်းကြောင့် ငြိမ်းချမ်းနေသည့် ခေတ်ကာလအတွင်း တောင်တရုတ်ပင်လယ်တွင် စစ်အင်အား ချိန်ခွင်လျှာ သိသာစွာ ပြောင်းလဲစေခဲ့သည်။

ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ၏ အစီရင်ခံစာသစ်အရ တောင်တရုတ်ပင်လယ်၏ အငြင်းပွားနေသောနေရာများတွင် ရာနှင့်ချီသော တရုတ်စစ်သင်္ဘောများ သည် နိုင်ငံတကာဥပဒေတွင် အမြစ်တွယ်နေသည့် ရေကြောင်းအစီအစဉ်များကို သိသိသာသာ စိန်ခေါ်နေကြောင်း ဖော်ပြထားသည်။

အိန္ဒိယ-ပစိဖိတ် ကာကွယ်ရေးဖိုရမ်တွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်ကြောင်း ဖော်ပြသည့်လုပ်ရပ်အနေဖြင့် ရေကြောင်းပိုင်နက်ဆိုင်ရာ သင်္ဘောများကို အင်အားတိုးချဲ့ရန် နှစ်ပေါင်းများစွာ ငွေကြေး သုံးစွဲထားကြောင်း Radio Free Asia က ဖော်ပြခဲ့သည်။

၂၀၂၁ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် "တရုတ်၏ ရေကြောင်းပြည်သူ့စစ်ဆိုင်ရာ ကန့်လန့်ကာကို ဆွဲယူခြင်း (Pulling Back the Curtain on China’s Maritime Militia)" ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် CSIS က အငြင်းပွားနေသော ရေပိုင်နက်အတွင်း တရုတ်နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်ရန် တရုတ်၏ တရားဥပဒေစိုးမိုးရေးနှင့် စစ်တပ်နှင့်အတူ လုပ်ဆောင်နေသော တပ်ဖွဲ့တစ်ဖွဲ့၏ ပြည့်စုံသော အချက်အလက်ကို ဖော်ပြထားသည်။

ပဋိပက္ခဖြစ်နိုင်ချေကို ရှောင်ရှားရန် ကြိုးစားနေချိန်တွင် ဗဟာဗျူဟာမြောက် အကျိုးစီးပွား များကို ရရှိရန် သမားရိုးကျမဟုတ်သော တပ်ဖွဲ့များနှင့် နည်းလမ်းများကို အသုံးပြုခြင်းကို "မီးခိုးရောင်ဇုန်နည်းဗျူဟာများ" ဟု လူသိများသည်။

မကြာသေးမီနှစ်များအတွင်း ကြီးမားသော ဆိပ်ကမ်းအဆောက်အအုံများကဲ့သို့သော တရုတ်ကင်းစခန်းများ တည်ထောင်ခြင်းကြောင့် အငြင်းပွားနေသော စပရက်တလီကျွန်းများသို့ တရုတ် ရေကြောင်းပြည်သူ့စစ် သင်္ဘောများ အရေအတွက် သိသိသာသာ တိုး၍ သွားလာကြောင်း အစီရင်ခံစာက ဆိုသည်။

"၂၀၁၈ခုနှစ် သြဂုတ်လကတည်းက စပရက်တလီကျွန်းများတစ်ဝိုက်တွင် အုပ်စုကြီးများအနေဖြင့် ရေကြောင်း ပြည်သူ့စစ်သင်္ဘော ၃၀ဝ ခန့်တပ်ချထားပြီး ထောက်ပံ့ပို့ဆောင်ရေးအတွက် တရုတ်၏ ကျွန်းတုများကို အားကိုးနေသော်လည်း ထိုဆိပ်ကမ်းများတွင် သီးသန့်အခြေချခြင်းမရှိတော့ကြောင်း " အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly