ဝီဂါ ဇစ်မြစ် အတည်ပြုသတ်မှတ်ခြင်းကိုအကူအညီပေးသော တရုတ်နည်းပညာကုမ္ပဏီ ၄ ခုကို အမေရိကန်က ဒဏ်ခတ်

ဝီဂါ ဇစ်မြစ် အတည်ပြုသတ်မှတ်ခြင်းကိုအကူအညီပေးသော တရုတ်နည်းပညာကုမ္ပဏီ ၄ ခုကို အမေရိကန်က ဒဏ်ခတ်

ဝီဂါတို့၏ ဇစ်မြစ်အတည်ပြု သတ်မှတ်ခြင်းအတွက် အကူအညီပေးသော တရုတ်ကုမ္ပဏီ ၄ ခုကို အမေရိကန်က ဒီဇင်ဘာ ၁၀ရက်တွင် ပိတ်ဆို့အရေးယူလိုက်သည်။

အဆိုပါ ကုမ္ပဏီများတွင် SenseTime Group Ltd၊ Moxing Cartoon၊ Nings Cartoon Studio နှင့် Shanghai Hongman Cartoon တို့ ပါဝင်သည်။

ဉာဏ်ရည်တု တရုတ်ကုမ္ပဏီ SenseTime Group Ltd. အား လူမျိုးရေးဆိုင်ရာ ဝီဂါ ဇစ်မြစ်ပုံပန်းသဏ္ဍာန်သတ်မှတ်ခြင်းကို ကူညီသည့်အတွက် ဒဏ်ခတ်အရေးယူထားကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SenseTime သည် တရုတ်နိုင်ငံ၏ စောင့်ကြည့်ရေးနည်းပညာကဏ္ဍတွင် စီမံသူကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ထိန်းချုပ်ထားကြောင်း ၎င်းကဆိုသည်။

နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး OFAC (Office of Foreign Assets Control) က တရုတ်ကုမ္ပဏီ SenseTime Group Limited (SenseTime) ကို တရုတ်စစ်ဘက်-စက်မှုဆိုင်ရာ ရှုပ်ထွေးသော ကုမ္ပဏီအဖြစ် အတည်ပြုနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Shenzhen Sensetime Technology Co. Ltd. ဟု အမည်ပေးထားသည့် ကုမ္ပဏီခွဲသည် ဝီဂါတိုင်းရင်းသားများကို ခွဲခြားသတ်မှတ်ခြင်းအပေါ် အထူးအာရုံစိုက်လျက် ပစ်မှတ်လူမျိုးစုကို ခွဲခြား ဆုံးဖြတ်နိုင်သည့် မျက်နှာမှတ်သားမှုပရိုဂရမ်များကို တီထွင်ခဲ့ကြောင်း အမေရိကန် အာဏာပိုင်များက မှတ်ချက်ပြုခဲ့သည်။

"မူပိုင်ခွင့်လျှောက်လွှာများကို လျှောက်ထားသည့်အခါ Shenzhen Sensetime Technology Co. Ltd. သည် မုတ်ဆိတ်မွေး၊ နေကာမျက်မှန်နှင့် မျက်နှာဖုံးများဝတ်ဆင်ထားသည့် ဝီဂါများကို ခွဲခြားသိမြင်နိုင်မှုစွမ်းရည်ကို မီးမောင်းထိုးပြခဲ့သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနှင့် ဆက်နွှယ်သည့် ပိတ်ဆို့အရေးယူမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Moxing Cartoon၊ Nings Cartoon Studio နှင့် Shanghai Hongman Cartoon & Animation Design Studio အပါအဝင် တရုတ်ကုမ္ပဏီ ၃ ခုသည်လည်း အမေရိကန်၏ အရေးယူမှုတွင် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly