တရုတ်နိုင်ငံ၏ အခွင့်အရေးချိုးဖောက်မှုများအပေါ် တိဗက်နှင့်ဝီဂါများ ပြင်သစ်တွင် ဆန္ဒပြ

တရုတ်နိုင်ငံ၏ အခွင့်အရေးချိုးဖောက်မှုများအပေါ် တိဗက်နှင့်ဝီဂါများ ပြင်သစ်တွင် ဆန္ဒပြ

တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုကို ကန့်ကွက်သည့်အနေဖြင့် တိဘက်၊ ဝီဂါနှင့် ဗီယက်နမ်နွယ်ဖွားများက ပဲရစ်မြို့ ဘာစတီးရင်ပြင်၌ မီးထွန်းဆုတောင်းပွဲကို ဒီဇင်ဘာ ၁၀ ရက်က ကမ္ဘာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နေ့အဖြစ် ကျင်းပခဲ့သည်။

နိုင်ငံတကာပါလီမန်များမဟာမိတ်အဖွဲ့ (IPAC) ၏ ဒုတိယဥက္ကဌလည်းဖြစ်သည့် ပြင်သစ် အထက် လွှတ်တော်အမတ် အန်ဒရေးဂက်တိုလင်လည်း ပါဝင်ခဲ့သည်။ IPAC သည် နိုင်ငံတကာ တရားဥပဒေ အမိန့်ကို ကမောက်ကမစေသည့် တရုတ်၏ ကြိုးပမ်းမှုမှ ဒီမိုကရေစီကမ္ဘာကို ကာကွယ်ရန် ဗျူဟာမြောက် နည်းလမ်းလိုအပ်ကြောင်း အခိုင်အမာယုံကြည်ကြသော ကမ္ဘာတဝှမ်းမှလွှတ်တော်အမတ်များပါဝင်သည့် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည်။

အန်ဒရေးဂက်တိုလင်က ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်အား သံတမန်ရေးအရသပိတ်မှောက်ရန် ၎င်းမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

တရုတ်အစိုးရသည် ရှင်ကျန်းနှင့်တိဗက်ဒေသများတွင် လူ့အခွင့်အရေးများချိုးဖောက်သည်ဟု စွပ်စွဲခံထားရသည်။ ကြမ်းတမ်းသော စည်းမျဉ်းများ ချမှတ်ခြင်း၊ အင်အားသုံး၍ သဘောထားကွဲလွဲမှုများကို နှုတ်ပိတ်ခြင်း၊ ဒေသယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်ကာ ၎င်းဒေသများကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်လျက်ရှိသည်။ တိဗက်လူမျိုးများ ထိန်းသိမ်းခံရမှု၊ မျက်ကွယ်ရုံးတင်စစ်ဆေးမှုများနှင့် တရုတ်နိုင်ငံရှိ တိဗက်ဘာသာရေး လူနည်းစုများအပေါ် မသိလိုက်ရသည့် စွဲချက်များနှင့် စီရင်ချက်ချမှုများ မြင့်တက်လာခြင်းအပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအများအပြားက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ သို့သော် ပေကျင်းသည် တရုတ်နိုင်ငံအတွင်းသာမက ကမ္ဘာတစ်ဝှမ်းလုံးတွင် ၎င်း၏လူနည်းစုများကို ဆက်လက် အနိုင်ကျင့်နေဆဲဖြစ်သည်။

တရုတ်နိုင်ငံရှိ ရှင်ကျန်းဒေသတွင် ညှဉ်းပန်းနှိပ်စက်မှု၊ ပြန်လည်ပညာပေးရေးစခန်းများနှင့် အဓမ္မ အလုပ်ခိုင်းစေမှုများ စသည့် သတင်းများသည် ၂၀၁၇ ခုနှစ်မှစ၍ တိုးမြင့်လာခဲ့သည်။

တရုတ်အစိုးရသည် ရှင်ကျန်းရှိ မွတ်စလင်ဝီဂါလူနည်းစုကို နှိပ်စက်ညှဉ်းပန်းနေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required