တရုတ်က ဘူတန်အပါအဝင် အိမ်နီးချင်းနယ်မြေများကို သိမ်းပိုက်နေ

တရုတ်က ဘူတန်အပါအဝင် အိမ်နီးချင်းနယ်မြေများကို သိမ်းပိုက်နေ

တရုတ်သည် ဒေါ့ခ်လမ်တွင်ဖြစ်ပွားခဲ့သော ၂၀၁၇ ခုနှစ် ပဋိပက္ခနောက်ပိုင်း ပိုမိုကျယ်ပြန့်သော လုံခြုံရေးရှုထောင့်အမြင်များဖြင့် စစ်ရေးအရအားသာချက်ရရှိစေရန် ဘူတန်အပါအဝင် အိမ်နီးချင်းနယ်မြေများကို သိမ်းပိုက်ရန်လှုပ်ရှားလာခဲ့ကြောင်း နိုင်ငံခြားရေးမူဝါဒအစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂၀၁၇ ခုနှစ်ကတည်းက နိုင်ငံ နယ်နိမိတ်တစ်လျှောက်နှင့် နယ်နမိတ်အပြင်ဘက်တွင် ချဲ့ထွင်ရန် အစိုးရကို တွန်းအားပေး ပြောဆိုခဲ့သည်။ တောင်အာရှရှုထောင့်အရ အိန္ဒိယကို ဘေးဖယ်ထားရန် တိဗက်နယ်နိမိတ်များနှင့် ဘူတန်နယ်စပ်တစ်လျှောက်ကို အာရုံစိုက်ထားသည်။

တိဗက်နယ်နိမိတ်များကို အင်အားဖြည့်ခြင်းသည် အိန္ဒိယနှင့် ဘူတန်အပါအဝင် ၎င်း၏မိတ်ဆွေနိုင်ငံများကို ကျော်လွန်ရန် တရုတ်၏ ကာလရှည်ကြာ ကြိုးပမ်းမှုများတွင် သိသာလောက်အောင် ဆိုးရွားလာခြင်းပင်ဖြစ်သည်။

ယင်းသည် တောင်တရုတ်ပင်လယ်၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် တိဗက်တို့တွင် အသုံးပြုသည့် တရုတ်၏ အလားတူနည်းဗျူဟာများကို ထင်ဟပ်စေသည်ဟု ပထဝီဝင်နိုင်ငံရေး ထောက်လှမ်းရေး ရင်းမြစ်တစ်ခုမှ ပြောကြားခဲ့သည်။ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) သည် အိန္ဒိယ၊ နီပေါ၊ ဘူတန်နှင့် မြန်မာနိုင်ငံတို့နှင့် အရှည်လျားဆုံး နိုင်ငံတကာနယ်နိမိတ်ကို ထိစပ်နေသည်ဟု မူဝါဒသုတေသနအဖွဲ့က ဆိုသည်။

အထူးသဖြင့် အာရူနားချားလ်ပြည်နယ်အနီးတဝိုက်တွင် နယ်မြေပိုင်ဆိုင်မှုကို ခိုင်ခံ့စေရန်အိန္ဒိယနှင့် နယ်စပ်တစ်လျှောက် ရွာသစ်များကို တရုတ်သည် ပါးနပ်စွာ ဆောက်လုပ်နေကြောင်း လွတ်လပ်သော ဂြိုဟ်တုအချက်အလက်များအရ ဖော်ပြနေသည်။

နိုင်ငံခြားရေးမူဝါဒ အစီရင်ခံစာတွင် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) ၌ တရုတ်က ရွာသစ်များကို ပုံမှန်တည်ဆောက်နေကြောင်း မီးမောင်းထိုးပြသည်။ TAR ၏ကွန်မြူနစ်ပါတီအတွင်းရေးမှူး ဝူယင်ကျိသည် နိုင်ငံတကာနယ်စပ်ဖြတ်ကျော်လျက် ဘူတန်လက်အောက်ရှိ Gyalaphug ဟုခေါ်သော ရွာသစ်သို့ သွားရောက်ခဲ့သည်။

အိန္ဒိယ၊ ဘူတန်နှင့် တရုတ်နိုင်ငံတို့အကြား သုံးပွင့်ဆိုင်နေရာ၌ တည်ရှိသော ဒေါ့ခ်လမ်နှင့်ပတ်သက်၍ ဘူတန်၏ ပိုင်ဆိုင်ကြောင်းတောင်းဆိုချက်ကို အိန္ဒိယက ထောက်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly